ဆာ​လံ 102:3-11 Common Language Bible (BCL)

3. ကျွန်​တော်​မျိုး​၏​ဘ​ဝ​အ​သက်​တာ​သည် မီး​ခိုး​ကဲ့​သို့​လွင့်​ပျောက်​လျက်ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ​သည် မီး​ကဲ့​သို့​လောင်​ကျွမ်း​လျက်​နေ​ပါ​၏။

4. ကျွန်​တော်​မျိုး​သည်​မြက်​ပင်​ကဲ့​သို့​အ​ထိ​အ​ခိုက် ခံ​ရ​၍​ညှိုး​နွမ်း​လျက်​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​မှာ​အ​စား​စား​ချင်​စိတ်​မ​ရှိ တော့​ပါ။

5. ကျွန်​တော်​မျိုး​သည်​အ​သံ​ကျယ်​စွာ​ညည်း​ညူ ရ​ပါ​၏။ကျွန်​တော်​မျိုး​မှာ​အ​ရိုး​နှင့်​အ​ရေ​သာ​လျှင် ရှိ​ပါ​တော့​သည်။

6. ကျွန်​တော်​မျိုး​သည်​တော​ကန္တာ​ရ​ရှိ တော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ယို​ယွင်း​ပျက်​စီး​နေ​သော​အ​ဆောက်​အ​အုံ​ရှိ ဇီး​ကွက်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ပါ​၏။

7. ကျွန်​တော်​မျိုး​သည်​အိပ်​၍​မ​ပျော်​နိုင်​ဘဲ ဖြစ်​နေ​ပါ​၏။ကျွန်​တော်​မျိုး​သည်​အိမ်​မိုး​ပေါ်​တွင်​တစ်​ကောင်​တည်း နား​နေ​ရ​သော​ငှက်​နှင့်​တူ​ပါ​၏။

8. ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​သည်​တစ်​နေ့​လုံး စော်​ကား​ကြ​ပါ​၏။သူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​ပုံ​ခိုင်း​၍ ကျိန်​ဆဲ​ကြ​ပါ​၏။

11. ကျွန်​တော်​မျိုး​၏​ဘ​ဝ​အ​သက်​တာ​သည်​ည နေ​ချိန်​၌ ကျ​ရောက်​သည့်​အ​ရိပ်​ကဲ့​သို့​ဖြစ်​ပါ​၏။ကျွန်​တော်​မျိုး​သည်​မြက်​ကဲ့​သို့​ခြောက်​သွေ့ သွား​ပါ​၏။

ဆာ​လံ 102