ဆာ​လံ 102:12-27 Common Language Bible (BCL)

12. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရင်​ဖြစ် တော်​မူ​ပါ​၏။နာ​မ​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။

13. ကိုယ်​တော်​ရှင်​သည်​ထ​တော်​မူ​၍​ဇိ​အုန်​မြို့​ကို သ​နား​တော်​မူ​လိမ့်​မည်။ထို​မြို့​ကို​သ​နား​တော်​မူ​ရန်​အ​ချိန်​သည် ကျ​ရောက်​လာ​ပါ​ပြီ။ယ​ခု​အ​ချိန်​သည်​သင့်​တော်​သည့်​အ​ချိန်​ပင် ဖြစ်​ပါ​၏။

14. ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​သည်​ဇိ​အုန်​မြို့ ပျက်​စီး​သွား​ပြီ​ဖြစ်​သော်​လည်းထို​မြို့​ကို​နှစ်​သက်​မြတ်​နိုး​လျက်​ပင် ရှိ​နေ​ကြ​ပါ​သေး​၏။ဇိ​အုန်​မြို့​ယို​ယွင်း​လျက်​နေ​သော်​လည်း ထို​မြို့​ကို​သ​နား​ကြ​ပါ​သေး​၏။

15. လူ​မျိုး​အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်။လော​က​ဘု​ရင်​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ တန်​ခိုး​တော်​ကို​ကြောက်​ရွံ့​ရိုသေ​ကြ​လိမ့်​မည်။

16. ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ကို​ပြန်​လည် တည်​ထောင်​တော်​မူ​သော​အ​ခါမိ​မိ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။

17. ကိုယ်​တော်​သည်​မိ​မိ​စွန့်​ပစ်​ထား​သည့်​လူ​စု တော်​၏ လျှောက်​ထား​ချက်​ကို​ကြား​တော်​မူ​၍သူ​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ညောင်း​တော်​မူ​လိမ့်​မည်။

18. ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​အ​ရာ တို့​ကိုနောင်​လာ​နောက်​သား​တို့​အ​တွက် ရေး​မှတ်​ထား​ကြ​လော့။သို့​မှ​သာ​လျှင်​သူ​တို့​သည်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

19-20. အ​ကျဉ်း​ခံ​နေ​ရ​သူ​များ​၏​ညည်း​တွား​သံ​များ​ကို နား​ထောင်​တော်​မူ​ရန်​လည်း​ကောင်း၊သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​တို့​အား​လွတ်​ငြိမ်း​ခွင့် ပေး​တော်​မူ​ရန်​လည်း​ကောင်းထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ထက်​ဘုံ​မှ​ငုံ့​၍​ကြည့်​တော်​မူ​၏။ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍ ကမ္ဘာ​ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​၏။

21-22. သို့​ဖြစ်​၍​အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​မှ လူ​မျိုး​တ​ကာ​တို့​သည်စု​ရုံး​လာ​ကြ​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား​အားကိုး​ကွယ်​ဝတ်​ပြု​ကြ​သော​အ​ခါ​ဇိ​အုန်​တောင် ပေါ်​၌ ကိုယ်​တော်​၏​နာ​မ​တော်​ကို​ကြေ​ညာ​ကြ​လိမ့်​မည်။ယေ​ရု​ရှ​လင်​မြို့​တွင်​ကိုယ်​တော်​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။

23. ငါ​ငယ်​စဉ်​အ​ခါ​က​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်ငါ့​ကို​အား​အင်​ချိ​နဲ့​စေ​တော်​မူ​၍​ငါ​၏​အ​သက် ကို တို​စေ​တော်​မူ​ပါပြီ။

24. အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​မ​အို​မီ​ကျွန်​တော်​မျိုး​၏ အ​သက်​ကို​ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ အ​သက်​ရှင်​တော်​မူ​ပါ​၏။

25. ကိုယ်​တော်​ရှင်​သည်​ရှေး​အ​ခါ​က​ကမ္ဘာ​မြေ ကြီး​ကိုတည်​စေ​တော်​မူ​ပြီး​လျှင်​လက်​တော်​ဖြင့် မိုး​ကောင်း​ကင်​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။

26. ထို​အ​ရာ​အား​လုံး​သည်​ကွယ်​ပျောက်​သွား ကြ​မည်​ဖြစ်​သော်​လည်းကိုယ်​တော်​ရှင်​မူ​ကား​ရှိ​နေ​တော်​မူ​မည်​ဖြစ်​ပါ​၏။ထို​အ​ရာ​အ​ပေါင်း​တို့​သည်​အ​ဝတ်​အ​ထည်​များ ကဲ့​သို့ ဟောင်း​နွမ်း​သွား​ကြ​ပါ​လိမ့်​မည်။ကိုယ်​တော်​ရှင်​သည်​အ​ဝတ်​လဲ​သ​ကဲ့​သို့ လဲ​တော်​မူ​သ​ဖြင့်ထို​အ​ရာ​တို့​သည်​ပြောင်း​လဲ​ကွယ်​ပျောက် သွား​ကြ​ပါ​လိမ့်​မည်။

27. သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​မူ​ကား​အ​ဘယ်​အ​ခါ ၌​မျှ ပြောင်း​လဲ​တော်​မ​မူ​ပါ။အ​သက်​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ ကုန်​ဆုံး​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ပါ။

ဆာ​လံ 102