1. အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်သစ္စာစောင့်သိခြင်းနှင့်တရားမျှတခြင်းအကြောင်းကိုသီချင်းဆိုပါမည်။ ရှေ့တော်၌သီချင်းဆိုပါမည်။
2. ကျွန်တော်မျိုးသည်အပြစ်ဆိုဖွယ်မရှိအောင် ကျင့်ကြံပါမည်။ကိုယ်တော်သည်အဘယ်အခါမှကျွန်တော်မျိုး ထံသို့ ကြွလာတော်မူပါမည်နည်း။ကျွန်တော်မျိုးသည်မိမိ၏အိမ်တွင်ဖြူစင်သည့် စိတ်သဘောထားဖြင့်ကျင့်ကြံပြုမူပါမည်။