4. သူယုတ်မာသည်ထာဝရဘုရားကိုဂရုမစိုက်တတ်။သူသည်မာနထောင်လွှားလျက်ဘုရားသခင်မရှိဟု အစဉ်ယူဆတတ်၏။
5. သူယုတ်မာသည်ပြုလေသမျှသောအမှုတို့တွင် အောင်မြင်တတ်သဖြင့်ဘုရားသခင်စီရင်ဆုံးဖြတ်တော်မူသောအမှု တို့ကို သိမြင်နားလည်နိုင်စွမ်းမရှိ။ရန်သူများကိုလည်းပြက်ရယ်ပြုတတ်၏။
6. ``ငါသည်အဘယ်အခါမျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။အဘယ်အခါမျှဒုက္ခရောက်ရလိမ့်မည် မဟုတ်'' ဟု တစ်ကိုယ်တည်းပြောဆိုနေတတ်၏။