ဆာ​လံ 1:3-5 Common Language Bible (BCL)

3. ထို​သူ​တို့​သည်​ချောင်း​အ​နီး​တွင်​ပေါက်​၍​လျော်​ကန်​သင့်​မြတ်​ချိန်​၌အ​သီး​သီး​လျက်​အ​ရွက်​မ​ညှိုး​မ​နွမ်း​တတ်​သော​အ​ပင်​များ​နှင့်​တူ​၏။သူ​တို့​သည်​ပြု​လေ​သ​မျှ​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင်​တတ်​၏။

4. သို့​ရာ​တွင်၊သူ​ယုတ်​မာ​တို့​မူ​ကား​အ​ဘယ်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဖြစ်​နိုင်။သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​တတ်​သော​ဖွဲ​နှင့်​တူ​ကြ​၏။

5. အ​ပြစ်​ကူး​သူ​တို့​သည်​ဘု​ရား​သ​ခင်အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အ​ပေါင်း​အ​သင်း​ထဲ​သို့​မ​ဝင်​ရ​ကြ။

ဆာ​လံ 1