14. ငါမူကားငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား အဘယ်အရာအတွက်မျှဂုဏ်ယူဝါကြွား လိမ့်မည်မဟုတ်။ ကိုယ်တော်၏လက်ဝါးကပ် တိုင်တော်ကြောင့် ဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှသည် ငါနှင့်လည်းကောင်း၊ ငါ သည်လည်းဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှနှင့်လည်းကောင်း အဆက် ပြတ်လျက်ရှိ၏။-
15. လူတစ်စုံတစ်ယောက်သည်အရေဖျားလှီးမင်္ဂ လာခံသည်မခံသည်မှာ အရေးမကြီးပေ။ သတ္တဝါ သစ်ဖြစ်ခြင်းသာလျှင်အရေးကြီး၏။-
16. ဤသဘောတရားကိုလိုက်နာသူအပေါင်းတို့ အပေါ်သို့လည်းကောင်း၊ ဘုရားသခင်၏လူစု တော်အပေါင်းတို့အပေါ်သို့လည်းကောင်း ငြိမ် သက်ခြင်းနှင့်ကရုဏာတော်သက်ရောက်ပါ စေသော။
17. နိဂုံးချုပ်ရမည်ဆိုလျှင် ငါ့အားအဘယ်သူမျှ နောက်ထပ်မနှောင့်ယှက်ကြနှင့်။ အဘယ်ကြောင့်ဆို သော်ငါ၏ကိုယ်ပေါ်တွင်ရှိသောဒဏ်ရာဒဏ်ချက် များက ငါသည်သခင်ယေရှု၏ကျွန်ဖြစ်ကြောင်း သက်သေပြလျက်ရှိသောကြောင့်ဖြစ်၏။
18. ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါ စေသော။ အာမင်။ ဂလာတိသြဝါဒစာပြီး၏။