1. ညီအစ်ကိုတို့လူတစ်ဦးတစ်ယောက်သည်မကောင်း မှုတစ်စုံတစ်ရာပြုသည်ကို သင်တို့တွေ့ရှိလျှင် ဝိညာဉ်ပါရမီရှိသောသင်တို့က နူးညံ့သိမ်မွေ့ စွာထိုသူကိုပြုပြင်ပေးရမည်။ သင်တို့သည် မိမိတို့ကိုယ်တိုင်လည်း စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်သတိပြုကြလော့။-
2. အချင်းချင်း၏ဝန်များကိုကူညီထမ်းရွက် သောအားဖြင့် ခရစ်တော်၏တရားတော်ကို ကျင့်ကြလော့။-
3. အရေးပါအရာရောက်သူမဖြစ်ဘဲ မိမိကိုယ် ကိုအရေးပါအရာရောက်သူဟုထင်မှတ်သော သူသည် မိမိကိုယ်ကိုလှည့်စား၏။-
4. လူတိုင်းပင်မိမိ၏အပြုအမူကိုစစ်ကြော အပ်၏။ မိမိ၏အပြုအမူသည်ကောင်းမွန်ပါက ဂုဏ်ယူဝါကြွားနိုင်ပေသည်။-
5. အဘယ်ကြောင့်ဆိုသော်လူတိုင်းပင် မိမိ၏ဝန်ကို ထမ်းရွက်ရမည်ဖြစ်သောကြောင့်တည်း။
6. တရားတော်ကိုသင်ယူသူသည်သင်ပေးသော သူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။
7. သင်တို့သည်အယူအဆမလွဲမှားကြနှင့်။ ဘုရား သခင်အားအဘယ်သူမျှလိမ်လည်၍မရ။ လူ သည်မိမိမျိုးကြဲသည့်အတိုင်း အသီးအနှံကို ရိတ်သိမ်းရလိမ့်မည်။-
8. လူ့ဇာတိမြေ၌မျိုးကြဲသောသူသည်သေခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်မြေ၌မျိုးကြဲသူ သည်ဝိညာဉ်တော်မှ ထာဝရအသက်ကိုရိတ်သိမ်း ရလိမ့်မည်။-
9. သို့ဖြစ်၍ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ယင်းသို့ အားမလျော့စိတ်မပျက်ကြပါမူ ငါတို့သည် အချိန်တန်သောအခါအသီးအနှံကိုရိတ် သိမ်းရလိမ့်မည်။-