7. ယခင်ကသင်တို့ပြုကျင့်ကြပုံမှာ အလွန် လျောက်ပတ်ပေသည်။ သမ္မာတရားတော်ကို မလိုက်မနာစေရန်ယခုသင်တို့အား အဘယ် သူဆီးတားသနည်း။ ထိုသူသည်သင်တို့အား အဘယ်သို့သွေးဆောင်သနည်း။-
8. ထိုသွေးဆောင်မှုသည်သင်တို့အား ရွေးကောက် တော်မူသောဘုရားသခင်ထံတော်မှလာ သည်မဟုတ်။-
9. ``မုန့်ညက်တစ်ပုံလုံးကိုဖောင်းကြွစေရန် တဆေးအနည်းငယ်သာလိုသည်'' ဟူသော ဆိုရိုးစကားကိုသတိပြုကြလော့။-
10. သို့ရာတွင်ငါသည်သင်တို့ကို ယနေ့တိုင်အောင် ယုံကြည်စိတ်ချခြင်းရှိ၏။ ငါနှင့်သင်တို့သည် သခင်ဘုရား၌တစ်လုံးတစ်ဝတည်းဖြစ်ကြ သဖြင့် သင်တို့သည်ကွဲလွဲသောအယူကို လက်ခံကြလိမ့်မည်မဟုတ်ဟု ငါယုံကြည် စိတ်ချ၏။ သို့ရာတွင်သင်တို့အားနှောင့်ယှက် သူမည်သူမဆို ဘုရားသခင်၏အပြစ်ဒဏ် ခတ်တော်မူခြင်းကိုခံရမည်။
11. သို့ရာတွင်ညီအစ်ကိုတို့၊ အကယ်၍ ငါသည် အရေဖျားလှီးမင်္ဂလာကိုဆက်လက်ဟောပြော နေသည်ဟုဆိုသည်မှာမှန်လျှင် အဘယ်ကြောင့် ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက်နေရပါသေး သနည်း။ အကယ်၍ယင်းသို့ဟောပြောသည်ဟု ဆိုသည်မှာမှန်လျှင် ခရစ်တော်၏လက်ဝါးကပ် တိုင်တရားတော်အကြောင်း ငါဟောပြောမှု သည်ဒုက္ခပေးလိမ့်မည်မဟုတ်။-
12. သင်တို့ကိုနှောင့်ယှက်သောသူတို့သည်အရေ ဖျားလှီးမင်္ဂလာခံယူရုံသာမက မိမိတို့ ကိုယ်ကိုသင်းကွပ်လိုက်ကြလျှင်ကောင်းလိမ့်မည်။
13. ညီအစ်ကိုတို့၊ လွတ်လပ်မှုရစေရန်ဘုရားသခင် သည်သင်တို့ကိုရွေးကောက်တော်မူပေသည်။ သို့ ရာတွင်လွတ်လပ်မှုကိုအကြောင်းပြ၍ လူ့ဇာတိ အလိုသို့မလိုက်ကြဘဲမေတ္တာဖြင့်အချင်း ချင်းကျေးဇူးပြုကြလော့။-
14. ``သင်၏အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် လော့'' ဟူသောပညတ်သည်ပညတ်တရား၏ အချုပ်အခြာဖြစ်၏။-
15. သို့သော်သားရဲတိရစ္ဆာန်အချင်းချင်းကိုက်သတ် ကြသကဲ့သို့ သင်တို့ပြုကြပါလျှင် အချင်း ချင်းဖျက်ဆီးရာရောက်မည်ဖြစ်ကြောင်းသတိ ပြုကြလော့။
16. ငါဆိုသည်ကားဝိညာဉ်တော်ညွှန်ကြားသည့် အတိုင်းကျင့်ကြလော့။ လူ့ဇာတိအလိုသို့ မလိုက်ကြနှင့်။-