ဂ​လာ​တိ 5:1-11 Common Language Bible (BCL)

1. ခ​ရစ်​တော်​သည်​ငါ​တို့​အား ကျွန်​ဘ​ဝ​မှ​လွတ် မြောက်​စေ​တော်​မူ​ပြီ​ဖြစ်​၍ ငါ​တို့​သည်​ကျွန် မ​ဟုတ်​ကြ။ သို့​ဖြစ်​၍​လွတ်​လပ်​သူ​များ​အ​ဖြစ် နှင့်​ရပ်​တည်​ကြ​လော့။ နောက်​တစ်​ဖန်​ကျွန်​မ​ဖြစ် ကြ​နှင့်။

2. နား​ထောင်​ကြ​လော့။ ငါ​ပေါ​လု​ဆို​သည်​ကား အ​ကယ်​၍ သင်​တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို​ခံ​ကြ​မည်​ဆို​ပါ​က ခ​ရစ်​တော်​အား​ဖြင့် သင်​တို့​အ​ဘယ်​အ​ကျိုး​ကို​မျှ​မ​ရ​နိုင်​ကြ။-

3. အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သူ​တိုင်း​သည် ပ​ညတ် တ​ရား​အ​လုံး​စုံ​ကို​လိုက်​လျှောက်​ရ​လိမ့်​မည် ဖြစ်​ကြောင်း ယ​ခု​တစ်​ဖန်​ငါ​သတိ​ပေး​၏။-

4. ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို ပ​ညတ်​တ​ရား​လိုက်​လျှောက်​ခြင်း​အား​ဖြင့်​ရှာ လျှင် သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​ဆက်​ပြတ်​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​တ​ရား​လက် အောက်​တွင်​မ​ရှိ​တော့​ပြီ။-

5. ငါ​တို့​မူ​ကား​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​ကို​အ​မှီ​ပြု​လျက်​ယုံ​ကြည်​ခြင်း အား​ဖြင့် ကိုယ်​တော်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ ခွင့်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​စောင့်​စား​မျှော်​လင့် ကြ​၏။-

6. ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပါ​က အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည်​မ​ခံ သည်​မှာ​အ​ရေး​မ​ကြီး​ပေ။ အ​ရေး​ကြီး​သည့် အ​ရာ​မှာ​မေတ္တာ​တ​ရား​ကို​ပေါ်​လွင်​စေ​သည့် ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​သ​တည်း။

7. ယ​ခင်​က​သင်​တို့​ပြု​ကျင့်​ကြ​ပုံ​မှာ အ​လွန် လျောက်​ပတ်​ပေ​သည်။ သမ္မာ​တ​ရား​တော်​ကို မ​လိုက်​မ​နာ​စေ​ရန်​ယ​ခု​သင်​တို့​အား အ​ဘယ် သူ​ဆီး​တား​သ​နည်း။ ထို​သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​သွေး​ဆောင်​သ​နည်း။-

8. ထို​သွေး​ဆောင်​မှု​သည်​သင်​တို့​အား ရွေး​ကောက် တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ​တော်​မှ​လာ သည်​မ​ဟုတ်။-

9. ``မုန့်​ညက်​တစ်​ပုံ​လုံး​ကို​ဖောင်း​ကြွ​စေ​ရန် တ​ဆေး​အ​နည်း​ငယ်​သာ​လို​သည်'' ဟူ​သော ဆို​ရိုး​စ​ကား​ကို​သ​တိ​ပြု​ကြ​လော့။-

10. သို့​ရာ​တွင်​ငါ​သည်​သင်​တို့​ကို ယ​နေ့​တိုင်​အောင် ယုံ​ကြည်​စိတ်​ချ​ခြင်း​ရှိ​၏။ ငါ​နှင့်​သင်​တို့​သည် သ​ခင်​ဘု​ရား​၌​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ သ​ဖြင့် သင်​တို့​သည်​ကွဲ​လွဲ​သော​အ​ယူ​ကို လက်​ခံ​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ယုံ​ကြည် စိတ်​ချ​၏။ သို့​ရာ​တွင်​သင်​တို့​အား​နှောင့်​ယှက် သူ​မည်​သူ​မ​ဆို ဘု​ရား​သ​ခင်​၏​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​မည်။

11. သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ အ​ကယ်​၍ ငါ​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ဆက်​လက်​ဟော​ပြော နေ​သည်​ဟု​ဆို​သည်​မှာ​မှန်​လျှင် အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​လျက်​နေ​ရ​ပါ​သေး သ​နည်း။ အ​ကယ်​၍​ယင်း​သို့​ဟော​ပြော​သည်​ဟု ဆို​သည်​မှာ​မှန်​လျှင် ခ​ရစ်​တော်​၏​လက်​ဝါး​ကပ် တိုင်​တ​ရား​တော်​အ​ကြောင်း ငါ​ဟော​ပြော​မှု သည်​ဒုက္ခ​ပေး​လိမ့်​မည်​မ​ဟုတ်။-

ဂ​လာ​တိ 5