1. ဆက်လက်၍ဖော်ပြပါမည်။ လူတစ်ဦးတစ်ယောက် ၏သားသည်အဖ၏ဥစ္စာပစ္စည်းရှိသမျှကိုအမွေ ခံထိုက်သဖြင့် အမှန်ပင်ပိုင်ဆိုင်သူဖြစ်သော်လည်း အရွယ်မရောက်မီကာလအတွင်း၌ကျွန်တစ် ယောက်ကဲ့သို့နေရ၏။-
2. သူသည်ဖခင်သတ်မှတ်ပေးသည့်အချိန်ကာလမ ရောက်မီ အုပ်ထိန်းသူများနှင့်မိမိ၏အမှုကိစ္စ အဝဝကိုစီမံအုပ်ချုပ်သူများ၏လက်အောက် တွင်နေရ၏။-
3. ထိုနည်းတူစွာငါတို့သည်လည်းဝိညာဉ်ရေးမ ရင့်ကျက်မီအခါက လောကစကြဝဠာကို အုပ်စိုးသောဝိညာဉ်များ၏ကျွန်ဖြစ်ကြ၏။-
4-5. သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။
6. သင်တို့သည်ကိုယ်တော်၏သားများဖြစ်ကြောင်း သက်သေပြရန်``အဗ္ဗ၊ အဘ'' ဟုကြွေးကြော်သော သားတော်၏ဝိညာဉ်တော်ကိုငါတို့စိတ်နှလုံး ထဲသို့ဘုရားသခင်စေလွှတ်တော်မူ၏။-
7. သို့ဖြစ်၍သင်သည်ကျွန်မဟုတ်တော့ဘဲသား ဖြစ်လေပြီ။ သားဖြစ်သဖြင့်သားများခံစား ထိုက်သည်များကိုဘုရားသခင်သည်သင့် အားပေးတော်မူလတ္တံ့။
8. အခါတစ်ပါးကသင်တို့သည်ဘုရားသခင်ကို မသိကြသဖြင့် မစစ်မမှန်သောဘုရားတို့၏ ကျွန်ဖြစ်ခဲ့ကြ၏။-
9. ယခုမှာမူသင်တို့သည်ဘုရားသခင်ကိုသိရှိ လာကြလေပြီ။ သင်တို့အားဘုရားသခင်သိရှိ တော်မူလေပြီဟုငါဆိုသင့်၏။ သို့ဖြစ်၍သင်တို့ သည်အားနည်း၍သနားစရာကောင်းသည့်ဝိညာဉ် များထံသို့အဘယ်ကြောင့်ပြန်လည်သွားလိုကြ သနည်း။ အဘယ်ကြောင့်သူတို့၏ကျွန်ပြန်၍ ဖြစ်လိုကြသနည်း။-