4. သင်တို့ကိုယ်တိုင်တွေ့ကြုံခံစားချက်သည် အချည်းနှီးဖြစ်လေပြီလော။ အမှန်ပင် အချည်းနှီးမဖြစ်နိုင်။-
5. ဘုရားသခင်သည်သင်တို့အားဝိညာဉ်တော် ကိုချပေးတော်မူ၍ အံ့သြဖွယ်သောနိမိတ် လက္ခဏာများကိုပြတော်မူခဲ့သည်မှာ ပညတ် တရားကိုသင်တို့စောင့်ထိန်းကြသည့်အတွက် ကြောင့်လော။ သို့တည်းမဟုတ်သတင်းကောင်း ကိုကြားနာယုံကြည်ကြသည့်အတွက်ကြောင့် လော။-
6. အာဗြဟံ၏တွေ့ကြုံခံစားချက်ကိုဆင်ခြင် စဉ်းစားကြစို့။ ကျမ်းစာတော်က ``အာဗြဟံ သည်ဘုရားသခင်ကိုယုံကြည်၏။ သို့ဖြစ်၍ ဘုရားသခင်သည်အာဗြဟံအား သူတော် ကောင်းအဖြစ်လက်ခံတော်မူသည်'' ဟုဆို၏။-
7. သို့ဖြစ်၍ဘုရားသခင်ကိုယုံကြည်သူတို့သည် အာဗြဟံ၏သားမြေးအစစ်အမှန်များဖြစ် ကြောင်းကို သင်တို့သိမှတ်ကြလော့။-
8. ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍ လူမျိုးခြားတို့ကို မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူမည်ဖြစ်ကြောင်း ကျမ်းစာတော်တွင် ကြိုတင်ဟော၏။ ကျမ်းစာတော်က ``လူမျိုး အပေါင်းတို့သည် သင့်အားဖြင့်ကောင်းချီး မင်္ဂလာခံစားရကြလိမ့်မည်'' ဟုအာဗြဟံ အားသတင်းကောင်းကိုကြေညာသည်။-
9. အာဗြဟံသည်ဘုရားသခင်အားယုံကြည် သည့်အတွက် ကောင်းချီးမင်္ဂလာခံစားရသည်။ သို့ဖြစ်၍ယုံကြည်သူလူအပေါင်းတို့သည် အာဗြဟံနည်းတူကောင်းချီးမင်္ဂလာကိုခံစား ရကြ၏။
10. ပညတ်တရားစောင့်ထိန်းမှုကိုအားကိုးသော သူတို့မူကား ကျိန်စာသင့်လျက်ရှိကြ၏။ ကျမ်း စာတော်က ``ပညတ်တရားတွင်ပါရှိသည့် ပြဋ္ဌာန်းချက်မှန်သမျှကိုမစောင့်ထိန်းသူ သည် ဘုရားသခင်၏ကျိန်စာသင့်စေ'' ဟု ဖော်ပြပေသည်။-
11. ယခုတွင်ကျမ်းစာတော်က ``ဘုရားသခင် ကိုယုံကြည်ခြင်းအားဖြင့် ကိုယ်တော်နှင့်မှန် ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့်မည်'' ဟုဖော်ပြထားသဖြင့်ပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့် အဘယ်သူမျှဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုမရနိုင် ကြောင်းထင်ရှား၏။-
12. သို့ရာတွင်ကျမ်းစာတော်က ``ပညတ်တရား ၏ပြဋ္ဌာန်းချက်မှန်သမျှကိုလိုက်လျှောက်သူ သည် အသက်ရှင်လိမ့်မည်'' ဟုဆိုသဖြင့် ပညတ်တရားသည်ဘုရားသခင်အား ယုံကြည်မှုနှင့်မည်သို့မျှမသက်ဆိုင်။
13. ``သစ်တိုင်ပေါ်မှာဆွဲ၍အသတ်ခံရသူသည် ဘုရားသခင်၏ကျိန်စာသင့်သူဖြစ်၏'' ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည် ငါတို့အတွက်ကျိန်စာသင့်သူအဖြစ်ကိုခံ ယူတော်မူပြီးနောက် ငါတို့အားပညတ်တရား ကြောင့်ကျိန်စာသင့်သည့်ဘေးမှရွေးနုတ် ကယ်တင်တော်မူ၏။-
14. ဤသို့ပြုတော်မူခြင်းမှာလူမျိုးခြားတို့ သည်ခရစ်တော်ယေရှုကိုအမှီပြု၍ အာဗြဟံ ခံစားရသည့်ကောင်းချီးမင်္ဂလာကိုခံစား ရစေရန်လည်းကောင်း၊ ငါတို့သည်ဘုရား သခင်ကတိထားတော်မူသောဝိညာဉ်တော် ကိုယုံကြည်ခြင်းအားဖြင့်ခံယူနိုင်ကြစေ ရန်လည်းကောင်းဖြစ်၏။