ဂ​လာ​တိ 3:20-25 Common Language Bible (BCL)

20. သို့​ရာ​တွင်​တစ်​ဦး​တည်း​သာ​ပါ​ဝင်​ဆောင်​ရွက် သော​အ​ခါ ကြား​ဝင်​စေ့​စပ်​သူ​ကို​မ​လို​တော့ ချေ။ ဘု​ရား​သ​ခင်​သည်​တစ်​ပါး​တည်း​ဖြစ် တော်​မူ​သ​တည်း။

21. ဤ​သို့​ဆို​ရာ​၌​ပ​ညတ်​တ​ရား​နှင့်​ဘု​ရား သ​ခင်​၏​က​တိ​တော်​တို့​သည် ဆန့်​ကျင်​ဘက် ဖြစ်​၍​နေ​ပါ​သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ မ​ဟုတ်။ အ​ကယ်​၍​အ​သက်​ရှင်​စေ​နိုင်​သည့် ပ​ညတ်​တ​ရား​ကို​လူ​သား​တို့​ရ​ရှိ​ခဲ့​ပါ လျှင် လူ​တိုင်း​ပင်​ထို​ပ​ညတ်​တ​ရား​ကို​စောင့် ထိန်း​ခြင်း​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ကြ​မည်​သာ​ဖြစ်​၏။-

22. သို့​ရာ​တွင်​ကမ္ဘာ​လော​က​တစ်​ခု​လုံး​ပင်​အ​ပြစ် ဒု​စ​ရိုက်​၏​လက်​အောက်​တွင်​ရောက်​ရှိ​နေ​ကြောင်း ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ထား​ပေ​သည်။ သို့​ဖြစ် ၍​ယေ​ရှု​ခရစ်​ကို​ယုံ​ကြည်​မှု​၌​အ​ခြေ​ခံ​သည့် က​တိ​တော်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​ကို​ယုံ​ကြည် သူ​တို့​ခံ​စား​ခွင့်​ရ​ရှိ​ကြ​၏။

23. ယုံ​ကြည်​ခြင်း​တ​ရား​မ​ပေါ်​မီ​ငါ​တို့​သည်​ပေါ် လာ​မည့်​ယုံ​ကြည်​ခြင်း​တ​ရား​လက်​ထက်​တိုင် အောင် ပ​ညတ်​တ​ရား​၏​အ​ကျဉ်း​သား​အ​ဖြစ် ချုပ်​နှောင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-

24. ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​ကြ​စေ​ရန် ပ​ညတ်​တ​ရား သည်​ခ​ရစ်​တော်​ကြွ​လာ​ချိန်​တိုင်​အောင်​ငါ​တို့​၏ အ​ထိန်း​ဖြစ်​၏။-

25. သို့​ရာ​တွင်​ယ​ခု​ယုံ​ကြည်​ခြင်း​တ​ရား​ရောက် လာ​ပြီ​ဖြစ်​၍ ငါ​တို့​သည်​အ​ထိန်း​၏​လက် အောက်​၌​မ​ရှိ​ကြ​တော့​ပြီ။

ဂ​လာ​တိ 3