10. ပညတ်တရားစောင့်ထိန်းမှုကိုအားကိုးသော သူတို့မူကား ကျိန်စာသင့်လျက်ရှိကြ၏။ ကျမ်း စာတော်က ``ပညတ်တရားတွင်ပါရှိသည့် ပြဋ္ဌာန်းချက်မှန်သမျှကိုမစောင့်ထိန်းသူ သည် ဘုရားသခင်၏ကျိန်စာသင့်စေ'' ဟု ဖော်ပြပေသည်။-
11. ယခုတွင်ကျမ်းစာတော်က ``ဘုရားသခင် ကိုယုံကြည်ခြင်းအားဖြင့် ကိုယ်တော်နှင့်မှန် ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့်မည်'' ဟုဖော်ပြထားသဖြင့်ပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့် အဘယ်သူမျှဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုမရနိုင် ကြောင်းထင်ရှား၏။-
12. သို့ရာတွင်ကျမ်းစာတော်က ``ပညတ်တရား ၏ပြဋ္ဌာန်းချက်မှန်သမျှကိုလိုက်လျှောက်သူ သည် အသက်ရှင်လိမ့်မည်'' ဟုဆိုသဖြင့် ပညတ်တရားသည်ဘုရားသခင်အား ယုံကြည်မှုနှင့်မည်သို့မျှမသက်ဆိုင်။
13. ``သစ်တိုင်ပေါ်မှာဆွဲ၍အသတ်ခံရသူသည် ဘုရားသခင်၏ကျိန်စာသင့်သူဖြစ်၏'' ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည် ငါတို့အတွက်ကျိန်စာသင့်သူအဖြစ်ကိုခံ ယူတော်မူပြီးနောက် ငါတို့အားပညတ်တရား ကြောင့်ကျိန်စာသင့်သည့်ဘေးမှရွေးနုတ် ကယ်တင်တော်မူ၏။-
14. ဤသို့ပြုတော်မူခြင်းမှာလူမျိုးခြားတို့ သည်ခရစ်တော်ယေရှုကိုအမှီပြု၍ အာဗြဟံ ခံစားရသည့်ကောင်းချီးမင်္ဂလာကိုခံစား ရစေရန်လည်းကောင်း၊ ငါတို့သည်ဘုရား သခင်ကတိထားတော်မူသောဝိညာဉ်တော် ကိုယုံကြည်ခြင်းအားဖြင့်ခံယူနိုင်ကြစေ ရန်လည်းကောင်းဖြစ်၏။
15. ညီအစ်ကိုတို့၊ သင်တို့နေ့စဉ်တွေ့ကြုံနေ ကြအဖြစ်အပျက်များမှ ဥပမာတစ်ခု ကိုငါပေးအံ့။ လူတစ်ယောက်နှင့်တစ်ယောက် ကတိစာချုပ်ချုပ်ဆိုသောအခါ၌အချင်း ချင်းချုပ်ဆိုသောစာချုပ်မျှသာဖြစ်သော် လည်း ယင်းကိုသဘောတူချုပ်ဆိုပြီးသည် နှင့်တစ်ပြိုင်နက်စာချုပ်ပါကတိဝန်ခံ ချက်များကိုမည်သူမျှမပယ်ဖျက်၊ မဖြည့် စွက်နိုင်တော့ချေ။-
16. ကျမ်းစာလာသည့်အတိုင်းဘုရားသခင်၏ ကတိတော်များသည် အာဗြဟံနှင့်သူ၏ သားမြေးအတွက်ဖြစ်၏။ သားမြေးဆိုသော စကားသည်ဧကဝုစ်ကိန်းတည်း။ ဗဟုဝုစ်ကိန်း မဟုတ်။ သင်၏အမျိုးအနွယ်ဟူ၍သာဆို၏။ လူအများကိုရည်စူး၍ဆိုခြင်းမဟုတ်။ လူတစ်ဦးတည်းကိုသာရည်စူး၍ဆိုပေ သည်။ ထိုသို့ရည်စူးခြင်းခံရသူကား ခရစ်တော်ပင်ဖြစ်၏။-
17. ငါဆိုလိုသည်ကားဤသို့တည်း။ ဘုရား သခင်သည်အာဗြဟံနှင့်ပဋိညာဉ်ပြုတော် မူပြီးလျှင် ပဋိညာဉ်ကိုစောင့်ထိန်းရန်ကတိ ထားတော်မူ၏။ အနှစ်လေးရာ့သုံးဆယ်ကြာ မှပေါ်ပေါက်လာသည့်ပညတ်တရားသည် ထို ပဋိညာဉ်တော်ကိုမပယ်မဖျက်နိုင်။ ကတိ တော်ကိုလည်းမပယ်မဖျက်နိုင်။-
18. အကယ်၍ဘုရားသခင်၏ဆုကျေးဇူးတော် သည် ပညတ်တရားအပေါ်၌မူတည်လျှင် ထို ဆုကျေးဇူးတော်သည်ကတိတော်အပေါ်၌ မူမတည်တော့ပေ။ သို့ရာတွင်ဘုရားသခင် သည်ကတိတော်ကြောင့် အာဗြဟံအားထိုဆု ကျေးဇူးတော်ကိုပေးသနားတော်မူသတည်း။
19. ထိုသို့ဖြစ်ပါမူပညတ်တရား၏ရည်ရွယ် ချက်ကားအဘယ်နည်း။ ပညတ်တရားကို ဘုရားသခင်ချပေးတော်မူခဲ့ခြင်းမှာ အပြစ် ဒုစရိုက်၏သဘောကိုထုတ်ဖော်ပြသရန် သာဖြစ်၏။ ထိုပညတ်တရားသည်ကတိ တော်ကိုခံယူရရှိသူ အာဗြဟံ၏သားမြေး မပေါ်သေးမီကာလအတွင်း၌သာလျှင် တည်ရှိရန်ဖြစ်သည်။ ဘုရားသခင်သည်ထို ပညတ်တရားကိုကောင်းကင်တမန်များ အားဖြင့် ကြားဝင်စေ့စပ်သူလူတစ်ဦးမှ တစ်ဆင့်ပေးအပ်တော်မူခဲ့၏။-
20. သို့ရာတွင်တစ်ဦးတည်းသာပါဝင်ဆောင်ရွက် သောအခါ ကြားဝင်စေ့စပ်သူကိုမလိုတော့ ချေ။ ဘုရားသခင်သည်တစ်ပါးတည်းဖြစ် တော်မူသတည်း။
21. ဤသို့ဆိုရာ၌ပညတ်တရားနှင့်ဘုရား သခင်၏ကတိတော်တို့သည် ဆန့်ကျင်ဘက် ဖြစ်၍နေပါသလော။ အဘယ်နည်းနှင့်မျှ မဟုတ်။ အကယ်၍အသက်ရှင်စေနိုင်သည့် ပညတ်တရားကိုလူသားတို့ရရှိခဲ့ပါ လျှင် လူတိုင်းပင်ထိုပညတ်တရားကိုစောင့် ထိန်းခြင်းဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခွင့်ကိုရရှိနိုင်ကြမည်သာဖြစ်၏။-