1. အချင်းမိုက်မဲသောဂလာတိအသင်းတော် သားတို့၊ အဘယ်သူသည်သင်တို့အားပြု စားသနည်း။ လက်ဝါးကပ်တိုင်ပေါ်တွင်သခင် ယေရှုအသေခံတော်မူပုံကို သင်တို့မျက် မှောက်၌ရှင်းလင်းစွာပြခဲ့၏။-
2. ဝိညာဉ်တော်ကိုသင်တို့ခံယူရကြခြင်းမှာ ပညတ်တရားကိုစောင့်ထိန်းခြင်းကြောင့်လော။ သို့တည်းမဟုတ်သတင်းကောင်းကိုကြား၍ ယုံကြည်ကြသောကြောင့်လော။ ဤမေးခွန်း ကိုသာလျှင် ငါ့အားဖြေကြားကြလော့။-
3. သင်တို့သည်အဘယ်ကြောင့်ဤမျှမိုက်မဲ ကြသနည်း။ သင်တို့သည်ဝိညာဉ်တော်အား ဖြင့်အစပြုခဲ့ကြပြီးနောက် ယခုအခါ မိမိတို့ကိုယ်ပိုင်စွမ်းရည်ဖြင့်အဆုံးသတ် လိုကြသလော။-
4. သင်တို့ကိုယ်တိုင်တွေ့ကြုံခံစားချက်သည် အချည်းနှီးဖြစ်လေပြီလော။ အမှန်ပင် အချည်းနှီးမဖြစ်နိုင်။-
5. ဘုရားသခင်သည်သင်တို့အားဝိညာဉ်တော် ကိုချပေးတော်မူ၍ အံ့သြဖွယ်သောနိမိတ် လက္ခဏာများကိုပြတော်မူခဲ့သည်မှာ ပညတ် တရားကိုသင်တို့စောင့်ထိန်းကြသည့်အတွက် ကြောင့်လော။ သို့တည်းမဟုတ်သတင်းကောင်း ကိုကြားနာယုံကြည်ကြသည့်အတွက်ကြောင့် လော။-
6. အာဗြဟံ၏တွေ့ကြုံခံစားချက်ကိုဆင်ခြင် စဉ်းစားကြစို့။ ကျမ်းစာတော်က ``အာဗြဟံ သည်ဘုရားသခင်ကိုယုံကြည်၏။ သို့ဖြစ်၍ ဘုရားသခင်သည်အာဗြဟံအား သူတော် ကောင်းအဖြစ်လက်ခံတော်မူသည်'' ဟုဆို၏။-
7. သို့ဖြစ်၍ဘုရားသခင်ကိုယုံကြည်သူတို့သည် အာဗြဟံ၏သားမြေးအစစ်အမှန်များဖြစ် ကြောင်းကို သင်တို့သိမှတ်ကြလော့။-