8. အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် တန်ခိုးတော်ဖြင့် ပေတရုအားအရေဖျား လှီးမင်္ဂလာခံသူတို့အတွက် တမန်တော် အဖြစ်ခန့်ထားတော်မူသကဲ့သို့ ငါ့အား လည်းလူမျိုးခြားတို့အတွက်တမန်တော် အဖြစ်ခန့်ထားတော်မူသောကြောင့်ဖြစ်၏။-
9. အသင်းတော်၏မဏ္ဍိုင်များဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့်ယောဟန်တို့ကငါ့ အားဘုရားသခင်ပေးတော်မူသောအခွင့် ထူးကို အသိအမှတ်ပြုကြပေသည်။ သို့ ဖြစ်၍ငါတို့အားလုံးသည်လုပ်ဖော်ကိုင် ဘက်များဖြစ်ကြောင်းကိုပြသည့်အနေ ဖြင့် သူတို့သည်ဗာနဗနှင့်ငါ့အားလက် ဆွဲ၍နှုတ်ဆက်ကြ၏။ ငါတို့ကလူမျိုး ခြားတို့ထံတွင်အမှုတော်ဆောင်ရန်နှင့် သူတို့ကယုဒအမျိုးသားတို့ထံတွင် အမှုတော်ဆောင်ရန်သဘောတူကြသည်။-
10. ငါတို့သည်ဆင်းရဲသူတို့ကိုသတိရ ကူညီမစရန်သူတို့အလိုရှိ၏။ ထိုသို့ ဆောင်ရွက်ရန်ငါလည်းစိတ်စေတနာ ထက်သန်၏။
11. အန္တိအုတ်မြို့သို့ပေတရုရောက်ရှိလာသော အခါ သူ၏အပြုအမူသည်မှားလျက်နေ သည်မှာသိသာထင်ရှားသဖြင့် ငါသည် သူ့အားလူတို့ရှေ့တွင်ပြစ်တင်ပြောဆို၏။-
12. ယာကုပ်စေလွှတ်လိုက်သောသူများမရောက်မီ သူသည်လူမျိုးခြားတို့နှင့်အတူစားသောက် လျက်နေ၏။ သို့သော်လည်းယာကုပ်စေလွှတ် လိုက်သောသူတို့ရောက်ရှိလာသောအခါ၌ မူကား လူမျိုးခြားတို့နှင့်ပေါင်းဖော်စား သောက်မှုကိုမပြုတော့ချေ။ အဘယ်ကြောင့် ဆိုသော်သူသည်လူမျိုးခြားတို့အား အရေ ဖျားလှီးမင်္ဂလာခံစေလိုသောသူတို့ကို ကြောက်သောကြောင့်ဖြစ်သည်။-
13. အခြားယုဒအမျိုးသားယုံကြည်သူများ သည်လည်း ပေတရုကဲ့သို့ပင်သူရဲဘောကြောင် သည့်အပြုအမူကိုပြုလုပ်လာသဖြင့် ဗာနဗ ပင်လျှင်သူတို့၏ဘက်သို့လိုက်ပါသွားလေ သည်။-
14. သို့ရာတွင်သူတို့၏အပြုအမူသည်သတင်း ကောင်းဆိုင်ရာသစ္စာတရားနှင့်ကိုက်ညီမှုမရှိ ကြောင်းကို ငါသိမြင်သောအခါ ပေတရုအား လူအပေါင်းတို့ရှေ့တွင်``သင်သည်ယုဒအမျိုး သားဖြစ်ပါလျက် ယုဒအမျိုးသားကဲ့သို့ မဟုတ်ဘဲ လူမျိုးခြားကဲ့သို့ပြုမူနေထိုင် လျက်ရှိရာ သင်သည်အဘယ်ကြောင့်လူမျိုး ခြားတို့အားယုဒအမျိုးသားတို့ကဲ့သို့ ပြုမူနေထိုင်စေရန်အနိုင်အထက်ပြုပါ သနည်း'' ဟုမေး၏။
15. ငါတို့ကိုယ်တိုင်ပင်လျှင်ဇာတိအားဖြင့်ယုဒ အမျိုးသားများဖြစ်ကြ၏။ ``အပြစ်ကူးသူ လူမျိုးခြားများ'' မဟုတ်ကြ။-