16. သို့ရာတွင်လူသည်ပညတ်တရားကိုစောင့်ထိန်း ခြင်းအားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက် ဆံခွင့်ကိုမရနိုင်ကြောင်း၊ ခရစ်တော်ကိုယုံကြည် ခြင်းအားဖြင့်သာလျှင်ရနိုင်ကြောင်းကိုငါတို့ သိကြ၏။ ငါတို့သည်လည်းပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော် ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ရန် ခရစ် တော်ယေရှုကိုယုံကြည်ကြ၏။ အဘယ်ကြောင့် ဆိုသော်ပညတ်တရားကိုစောင့်ထိန်းခြင်း အားဖြင့် မည်သူမျှဘုရားသခင်နှင့်မှန်ကန် စွာဆက်ဆံခွင့်ကိုမရနိုင်သောကြောင့်ဖြစ်၏။-
17. သို့ဖြစ်၍ငါတို့သည်ခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့် ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ရန်ကြိုး စားကြရာတွင် မိမိတို့သည်လည်းလူမျိုးခြား တို့နည်းတူအပြစ်ကူးသူများဖြစ်ကြောင်း တွေ့ရှိကြပါလျှင် ခရစ်တော်သည်ငါတို့ အပြစ်ကူးမှုကိုအားပေးသည်ဟုဆိုနိုင် မည်လော။ အဘယ်နည်းနှင့်မျှမဆိုနိုင်။-
18. အကယ်၍မိမိဖြိုဖျက်ခဲ့သောအရာကို ပြန်လည်တည်ဆောက်မည်ဆိုပါက ငါသည် ပညတ်တရားကိုချိုးဖောက်သူဖြစ်ကြောင်း ဖော်ပြရာရောက်ပေသည်။-
19. ပညတ်တရားကငါ့အားသေစေသည်ဖြစ်ရာ ပညတ်တရားနှင့်ပတ်သက်လျှင် ငါသည်သူသေ ဖြစ်၏။ သို့မှသာဘုရားသခင်၏အတွက်အသက် ရှင်နိုင်မည်ဖြစ်သည်။ ငါသည်ခရစ်တော်နှင့် အတူလက်ဝါးကပ်တိုင်ပေါ်တွင်ကွပ်မျက် ခြင်းခံရလေပြီ။-
20. သို့ဖြစ်၍ငါသည်အသက်မရှင်တော့ဘဲခရစ် တော်သာလျှင်ငါ၌ရှင်တော်မူ၏။ ယခုငါ၌ ရှိသောအသက်သည်ဘုရားသခင်၏သား တော်ကိုယုံကြည်ခြင်းအားဖြင့်ရှင်သန်လျက် နေသောအသက်ဖြစ်၏။ သားတော်သည်ငါ့ကို ချစ်တော်မူသဖြင့်ငါ၏အတွက်မိမိ အသက်ကိုစွန့်တော်မူ၏။-
21. ဘုရားသခင်၏ကျေးဇူးတော်ကိုငါမပစ် ပယ်။ အကယ်၍လူတို့သည်ပညတ်တရားအား ဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံခွင့်ကို ရရှိနိုင်ကြလျှင် ခရစ်တော်သည်အချည်းနှီး အသေခံတော်မူပြီ။