ဂ​လာ​တိ 1:5-15-16 Common Language Bible (BCL)

10. ဤ​သို့​ပြော​ဆို​ရာ​၌​ငါ​သည် လူ​၏​ထောက်​ခံ​မှု​ကို ရ​ရန်​ကြိုး​စား​နေ​ပါ​သ​လော။ ငါ​သည်​ဘု​ရား​သ​ခင် ၏​ထောက်​ခံ​မှု​မှ​လွဲ​၍ မည်​သူ့​ထောက်​ခံ​မှု​ကို​လို​ပါ သ​နည်း။ ငါ​သည်​လူ​တို့​ထံ​မှ​မျက်​နှာ​ရ​အောင်​ကြိုး စား​ဆောင်​ရွက်​နေ​ပါ​သ​လော။ အ​ကယ်​၍​ငါ​သည် လူ​တို့​ထံ​မှ​မျက်​နှာ​ရ​အောင်​ကြိုး​စား​ဆောင်​ရွက် နေ​သေး​ပါ​မူ​ခ​ရစ်​တော်​၏​အ​စေ​ခံ​မ​ဖြစ်​နိုင်။

11. ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ဟော​ပြော​ကြေ​ညာ သော​သ​တင်း​ကောင်း​သည် လူ​တီ​ထွင်​သည့်​သ​တင်း ကောင်း​မ​ဟုတ်​ကြောင်း​ကို​သင်​တို့​အား​ဖော်​ပြ​မည်။-

12. ထို​သ​တင်း​ကောင်း​ကို​ငါ​သည်​မည်​သည့်​လူ တစ်​စုံ​တစ်​ယောက်​ထံ​က​မျှ​ရ​သည်​မ​ဟုတ်။ မည်​သူ​မျှ​လည်း​ငါ့​ကို​သင်​ကြား​၍​မ​ပေး။ ထို သ​တင်း​ကောင်း​ကို​ယေ​ရှု​ခ​ရစ်​ကိုယ်​တော်​တိုင် ငါ့​အား​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ပေး​အပ်​တော် မူ​၏။

13. ငါ​သည်​ယု​ဒ​ဘာ​သာ​တ​ရား​ကို​ကြည်​ညို​လေး စား​သူ​ဖြစ်​ခဲ့​စဉ်​အ​ခါ​က မည်​သို့​ကျင့်​ကြံ​ပြု​မူ ခဲ့​ကြောင်း​ကို​သင်​တို့​ကြား​သိ​ကြ​ပြီး​ဖြစ်​၏။ ငါ သည်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​ကို ရက်​စက်​ကြမ်း​ကြုတ်​စွာ​ညှဉ်း​ဆဲ​၍ အ​သင်း​တော် ကို​ဖျက်​ဆီး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​၏။-

14. ဘာ​သာ​တ​ရား​ကို​လက်​တွေ့​ကျင့်​သုံး​ရာ​တွင် ငါ သည်​မိ​မိ​နှင့်​သက်​တူ​ရွယ်​တူ​ယု​ဒ​အ​မျိုး​သား အ​များ​တို့​ထက် ပို​၍​စိတ်​အား​ထက်​သန်​စွာ​ဘိုး ဘေး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် လျှောက်​ခဲ့​၏။

ဂ​လာ​တိ 1