1-2. တမန်တော်ဖြစ်သူငါပေါလုနှင့် ဤအရပ်တွင် ရှိသည့်ညီအစ်ကိုအပေါင်းတို့က ဂလာတိပြည် ရှိအသင်းတော်များသို့စာရေးလိုက်ပါသည်။ ငါ သည်လူအမိန့်အာဏာဖြင့် တမန်တော်ရာထူးကို အပ်နှင်းခြင်းခံရသူမဟုတ်။ လူခန့်ထားသည့် တမန်တော်လည်းမဟုတ်။ ယေရှုခရစ်ကလည်း ကောင်း၊ ထိုအရှင်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောခမည်းတော်ဘုရားသခင်က လည်းကောင်း ခန့်ထားတော်မူသောသူဖြစ်၏။
10. ဤသို့ပြောဆိုရာ၌ငါသည် လူ၏ထောက်ခံမှုကို ရရန်ကြိုးစားနေပါသလော။ ငါသည်ဘုရားသခင် ၏ထောက်ခံမှုမှလွဲ၍ မည်သူ့ထောက်ခံမှုကိုလိုပါ သနည်း။ ငါသည်လူတို့ထံမှမျက်နှာရအောင်ကြိုး စားဆောင်ရွက်နေပါသလော။ အကယ်၍ငါသည် လူတို့ထံမှမျက်နှာရအောင်ကြိုးစားဆောင်ရွက် နေသေးပါမူခရစ်တော်၏အစေခံမဖြစ်နိုင်။
11. ညီအစ်ကိုတို့၊ သင်တို့အားငါဟောပြောကြေညာ သောသတင်းကောင်းသည် လူတီထွင်သည့်သတင်း ကောင်းမဟုတ်ကြောင်းကိုသင်တို့အားဖော်ပြမည်။-
12. ထိုသတင်းကောင်းကိုငါသည်မည်သည့်လူ တစ်စုံတစ်ယောက်ထံကမျှရသည်မဟုတ်။ မည်သူမျှလည်းငါ့ကိုသင်ကြား၍မပေး။ ထို သတင်းကောင်းကိုယေရှုခရစ်ကိုယ်တော်တိုင် ငါ့အားဗျာဒိတ်တော်အားဖြင့်ပေးအပ်တော် မူ၏။
13. ငါသည်ယုဒဘာသာတရားကိုကြည်ညိုလေး စားသူဖြစ်ခဲ့စဉ်အခါက မည်သို့ကျင့်ကြံပြုမူ ခဲ့ကြောင်းကိုသင်တို့ကြားသိကြပြီးဖြစ်၏။ ငါ သည်ဘုရားသခင်၏အသင်းတော်ဝင်တို့ကို ရက်စက်ကြမ်းကြုတ်စွာညှဉ်းဆဲ၍ အသင်းတော် ကိုဖျက်ဆီးရန်အစွမ်းကုန်ကြိုးစားခဲ့၏။-
14. ဘာသာတရားကိုလက်တွေ့ကျင့်သုံးရာတွင် ငါ သည်မိမိနှင့်သက်တူရွယ်တူယုဒအမျိုးသား အများတို့ထက် ပို၍စိတ်အားထက်သန်စွာဘိုး ဘေးတို့၏ထုံးတမ်းစဉ်လာများကိုလိုက် လျှောက်ခဲ့၏။
15-16. သို့ရာတွင်မမွေးမီကပင်လျှင်ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့် ငါ့အားရွေးချယ်၍အမှု တော်ဆောင်ရန်ခေါ်ယူတော်မူ၏။ ထိုနောက်လူမျိုး ခြားတို့အားသားတော်၏အကြောင်းသတင်း ကောင်းကိုဟောပြောကြေညာနိုင်စေရန် မိမိ၏ အလိုတော်နှင့်အညီငါ့အား ထိုသားတော်ကို ဖူးမြင်ခွင့်ပေးတော်မူ၏။ ထိုအခါငါသည် အဘယ်သူ၏ထံ၌မျှအကြံဉာဏ်မတောင်း ခံခဲ့။-