ဂ​လာ​တိ 1:15-16-24 Common Language Bible (BCL)

3. ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့် ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း ကို​သင်​တို့​ခံ​စား​ကြ​ပါ​စေ​သော။

4. ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ခ​ရစ်​တော်​သည်​ငါ​တို့​အား ဤ​ဆိုး​ယုတ်​သော ပစ္စုပ္ပန်​ခေတ်​မှ​ကယ်​တင်​နိုင်​ရန် ငါ​တို့​၏​အ​ပြစ် များ​အ​တွက်​မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။-

5. ထို​အ​ရှင်​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။

6. ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​အား​ဖြင့် သင်​တို့​အား ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​ကို သင်​တို့​သည်​ဤ မျှ​ဆော​လျင်​စွာ​စွန့်​ပစ်​ကြ​ပြီး​လျှင် အ​ခြား သ​တင်း​ကောင်း​တစ်​မျိုး​ကို​နာ​ယူ​လျက်​ရှိ​ကြ သ​ဖြင့်​ငါ​အံ့​သြ​မိ​၏။-

7. သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း​မှာ​အ​ခြား မူ​ကွဲ​မ​ရှိ။ သင်​တို့​၏​စိတ်​ကို​နှောင့်​ယှက်​၍ ခ​ရစ်​တော် ၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို မှောက်​လှန်​လို​သူ​လူ အ​ချို့​ရှိ​၏။-

8. ငါ​တို့​ဖြစ်​စေ၊ ကောင်း​ကင်​ဘုံ​မှ​ကောင်း​ကင်​တ​မန် ပင်​ဖြစ်​စေ​သင်​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​ခဲ့ သည့်​သ​တင်း​ကောင်း​နှင့် ကွဲ​ပြား​ခြား​နား​သည့် သ​တင်း​ကောင်း​ကို​ဟော​ပြော​လျှင်​ကျိန်​တော်​မူ ခြင်း​ကို​ခံ​စေ။-

9. သင်​တို့​နာ​ယူ​ရ​ရှိ​သည့်​သ​တင်း​ကောင်း​နှင့်​မ​တူ ကွဲ​ပြား​ခြား​နား​သည့်​သ​တင်း​ကောင်း​ကို​ဟော​ပြော သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ​ဟူ​၍ ငါ​တို့ ဆို​ခဲ့​ပြီး​သည့်​အ​တိုင်း​ယ​ခု​ထပ်​မံ​၍​ငါ​ဆို​၏။

15-16. သို့​ရာ​တွင်​မ​မွေး​မီ​က​ပင်​လျှင်​ဘု​ရား​သ​ခင်​သည် ကျေး​ဇူး​တော်​အား​ဖြင့် ငါ့​အား​ရွေး​ချယ်​၍​အ​မှု တော်​ဆောင်​ရန်​ခေါ်​ယူ​တော်​မူ​၏။ ထို​နောက်​လူ​မျိုး ခြား​တို့​အား​သား​တော်​၏​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​နိုင်​စေ​ရန် မိ​မိ​၏ အ​လို​တော်​နှင့်​အ​ညီ​ငါ့​အား ထို​သား​တော်​ကို ဖူး​မြင်​ခွင့်​ပေး​တော်​မူ​၏။ ထို​အ​ခါ​ငါ​သည် အ​ဘယ်​သူ​၏​ထံ​၌​မျှ​အ​ကြံ​ဉာဏ်​မ​တောင်း ခံ​ခဲ့။-

17. ငါ​၏​အ​လျင်​တ​မန်​တော်​ရာ​ထူး​ကို​ရ​ရှိ​သူ တို့​နှင့်​တွေ့​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ငါ မ​သွား။ ဦး​စွာ​ပ​ထ​မ​အာ​ရေ​ဗျ​ပြည်​သို့ သွား​ပြီး​နောက် ဒ​မာ​သက်​မြို့​သို့​ပြန်​လာ​ခဲ့​၏။-

18. သုံး​နှစ်​မျှ​ကြာ​သော်​ပေ​တ​ရု​နှင့်​တွေ့​ဆုံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍​သူ​နှင့်​အ​တူ တစ်​ဆယ့်​ငါး​ရက်​မျှ​နေ​ထိုင်​ခဲ့​၏။-

19. သို့​ရာ​တွင်​ငါ​သည်​သ​ခင်​ဘု​ရား​၏​ညီ​တော် ယာ​ကုပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​တ​မန်​တော် နှင့်​မျှ​မ​တွေ့​မ​ဆုံ​ခဲ့။

20. ဤ​အ​ကြောင်း​အ​ရာ​များ​ကို​မု​သား​သုံး​၍​ရေး သည်​မ​ဟုတ်​ကြောင်း ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။

21. ထို​နောက်​ငါ​သည်​ရှု​ရိ​နှင့်​ကိ​လိ​ကိ​နယ်​များ​သို့ သွား​ရောက်​၏။-

22. သို့​သော်​ထို​အ​ချိန်​က​ယု​ဒ​ပြည်​ရှိ​ခ​ရစ်​ယာန် အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့​သည် ငါ​နှင့်​တွေ့​ဆုံ သိ​ကျွမ်း​ခွင့်​ကို​မ​ရ​ကြ​သေး။-

23. ``ငါ​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​ခဲ့​သူ​သည်​ယ​ခင်​က မိ​မိ​ဖျက်​ဆီး​ရန်​ကြိုး​စား​ခဲ့​သည့်​ဘာ​သာ​တ​ရား တော်​ကို ယ​ခု​အ​ခါ​ဟော​ပြော​လျက်​ရှိ​ပါ​သည် တ​ကား'' ဟု​လူ​တို့​ပြော​ဆို​သံ​ကို​သာ​လျှင်​သူ တို့​ကြား​သိ​ရ​ကြ​၏။-

24. ထို့​ကြောင့်​သူ​တို့​သည်​ငါ့​ကို​အ​ကြောင်း​ပြု​၍ ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ပေ သည်။

ဂ​လာ​တိ 1