ကော​လော​သဲ 4:5-18 Common Language Bible (BCL)

5. သင်​တို့​ရ​ရှိ​သည့်​အ​ခွင့်​ကောင်း​မှန်​သ​မျှ​ကို အ​သုံး​ပြု​ကာ အ​ခြား​ဘာ​သာ​ဝင်​တို့​အား ပ​ညာ​သ​တိ​နှင့်​ဆက်​ဆံ​ကြ​လော့။-

6. သင်​တို့​ပြော​သော​စ​ကား​သည်​နား​ဝင်​ချို​၍ စိတ်​ဝင်​စား​ဖွယ်​ဖြစ်​စေ​ကြ​လော့။ စုံ​စမ်း​မေး မြန်း​သူ​တိုင်း​အား​အ​ဘယ်​သို့​လျောက်​ပတ် စွာ​ပြန်​လည်​ဖြေ​ကြား​ရ​မည်​ကို​သင်​တို့​လေ့ လာ​ထား​ကြ​လော့။

7. ငါ​တို့​ချစ်​သော​ညီ၊ သစ္စာ​ရှိ​သော​အ​မှု​တော် ဆောင်၊ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​၌​ငါ​တို့​နှင့် လုပ်​ဖော်​ကိုင်​ဘက်​ဖြစ်​သူ​တု​ခိတ်​သည်​ငါ​နှင့်​ပတ် သက်​သည့်​သ​တင်း​အ​လုံး​စုံ​ကို​သင်​တို့​အား ပြော​ပြ​လိမ့်​မည်။-

8. ငါ​တို့​၏​အ​ခြေ​အ​နေ​ကို​သင်​တို့​အား​ပြော ပြ​ခြင်း​အား​ဖြင့်​သင်​တို့​ကို​အား​တက်​စေ​ရန် ငါ​သည်​သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက် ခြင်း​ဖြစ်​ပေ​သည်။-

9. သူ​နှင့်​အ​တူ​သြ​နေ​သိမ်​လည်း​လိုက်​ပါ​လာ​ပါ လိမ့်​မည်။ သြ​နေ​သိမ်​သည်​ငါ​တို့​ချစ်​သော​ညီ၊ သစ္စာ​ရှိ​သော​သူ​ဖြစ်​၏။ သူ​သည်​သင်​တို့​အ​သိုင်း အ​ဝိုင်း​ထဲ​က​ဖြစ်​၏။ သူ​တို့​သည်​ဤ​အ​ရပ်​တွင် ဖြစ်​ပျက်​သ​မျှ​ကို​သင်​တို့​အား​ပြော​ပြ​လိမ့်​မည်။

12. ဧ​ပ​ဖြ​က​လည်း​နှုတ်​ဆက်​လိုက်​၏။ သူ​သည်​လည်း သင်​တို့​၏​အ​သိုင်း​အ​ဝိုင်း​က​ဖြစ်​၏။ ခ​ရစ်​တော် ယေ​ရှု​၏​အ​မှု​တော်​ဆောင်​လည်း​ဖြစ်​၏။ သူ​သည် သင်​တို့​အ​တွက်​စိတ်​အား​ထက်​သန်​စွာ​အ​စဉ် ဆု​တောင်း​ပတ္ထနာ​ပြု​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​အ​လို​တော်​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကာ လုံး​ဝ​နား​လည်​သ​ဘော​ပေါက်​သော​ခ​ရစ်​ယာန် များ​အ​ဖြစ်​ဖြင့်​ကြံ့​ခိုင်​စွာ​ရပ်​တည်​နိုင်​ကြ​စေ ရန်​သူ​သည်​ဘု​ရား​သ​ခင်​အား​လျှောက်​ထား လျက်​ရှိ​၏။-

13. သူ​သည်​သင်​တို့​အ​တွက်​လည်း​ကောင်း၊ လော​ဒိ​ကိ မြို့​နှင့်​ဟေ​ရ​ပေါ​လိ​မြို့​၌​ရှိ​သူ​များ​အ​တွက် လည်း​ကောင်း​အ​လွန်​ကြိုး​စား​လုပ်​ဆောင်​သူ​ဖြစ် ကြောင်း​ငါ​ကိုယ်​တိုင်​သက်​သေ​ခံ​ပါ​၏။-

14. ငါ​တို့​ချစ်​သော​ဆ​ရာ​ဝန်​လု​ကာ​နှင့်​ဒေ​မ​တို့ က​သင်​တို့​အား​နှုတ်​ဆက်​လိုက်​ကြ​၏။

15. လော​ဒိ​ကိ​မြို့​ရှိ​ညီ​အစ်​ကို​များ​ကို​လည်း​ကောင်း၊ နုံ​ဖ​နှင့်​သူ​၏​အိမ်​တွင်​စု​ဝေး​ဝတ်​ပြု​ကြ​သည့် အ​သင်း​တော်​ဝင်​တို့​ကို​လည်း​ကောင်း​နှုတ်​ဆက် လိုက်​ကြောင်း​ပြော​ပြ​ကြ​လော့။-

16. ဤ​စာ​ကို​သင်​တို့​အ​သင်း​တော်​ဝင်​တို့​အား​ဖတ် ပြ​ပြီး​သော​အ​ခါ လော​ဒိ​ကိ​အ​သင်း​တော်​ဝင် တို့​အား​လည်း​ဖတ်​စေ​ကြ​လော့။ လော​ဒိ​ကိ အ​သင်း​တော်​မှ​တစ်​ဆင့်​ပေး​ပို့​မည့်​စာ​ကို​လည်း သင်​တို့​ဖတ်​ရှု​ကြ​လော့။-

17. သ​ခင်​ဘု​ရား​ပေး​အပ်​ခြင်း​ခံ​ရ​သည့်​အ​မှု​တော် ကို​အ​ပြီး​တိုင်​ဆောင်​ရွက်​ရန်​အာ​ခိပ္ပု​အား​ပြော ကြား​ကြ​လော့။

18. ငါ​ပေါ​လု​က​သင်​တို့​အား​နှုတ်​ဆက်​စ​ကား​ကို ငါ​ကိုယ်​တိုင်​ရေး​၏။ ငါ​သည်​အ​ကျဉ်း​ထောင်​ထဲ တွင်​ရှိ​နေ​သည်​ကို​သင်​တို့​မ​မေ့​ကြ​နှင့်။ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သင်​တို့​ခံ​စား ရ​ကြ​ပါ​စေ​သ​တည်း။ ကော​လော​သဲ​သြ​ဝါ​ဒ​စာ​ပြီး​၏။

ကော​လော​သဲ 4