ကော​လော​သဲ 4:1-10-11 Common Language Bible (BCL)

1. သ​ခင်​ဖြစ်​သူ​တို့၊ သင်​တို့​သည်​လည်း​ကောင်း​ကင် ဘုံ​တွင်​ရှိ​တော်​မူ​သော​သ​ခင်​၏​ကျွန်​များ​ဖြစ် ကြောင်း​ကို​သိ​မှတ်​လျက် မိ​မိ​တို့​၏​ကျွန်​များ ကို​တရား​မျှ​တ​စွာ​ဆက်​ဆံ​ကြ​လော့။

10-11. ငါ​တို့​နှင့်​အ​တူ​အ​ကျဉ်း​ခံ​နေ​ရ​သူ​အာ​ရိတ္တာ​ခု၊ ဗာ​န​ဗ​၏​ညီ​ဝမ်း​ကွဲ​တော်​သူ​မာ​ကု​နှင့်​ယုတ္တု ခေါ်​ယော​ရှု​တို့​က​သင်​တို့​ကို​နှုတ်​ဆက်​လိုက် ကြ​၏။ (သင်​တို့​ထံ​မာ​ကု​ရောက်​ရှိ​လာ​သော အ​ခါ ကြို​ဆို​ကြ​ရန်​ညွှန်​ကြား​ချက်​များ​ကို သင်​တို့​ရ​ရှိ​ကြ​ပြီး​ဖြစ်​၏။) ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​တွက်​ငါ​နှင့်​အ​တူ​လုပ်​ဆောင် လျက်​ရှိ​သော​ယု​ဒ​ယုံ​ကြည်​သူ​များ​မှာ ထို​သူ​သုံး​ဦး​သာ​လျှင်​ဖြစ်​ပေ​သည်။ ဤ​သူ တို့​သည်​ကား​ငါ့​အား​များ​စွာ​ကူ​ညီ​ကြ သူ​များ​ဖြစ်​သည်။

ကော​လော​သဲ 4