17. သို့ဖြစ်၍သင်တို့သည်ပြောဆိုပြုမူရာတွင် သခင် ယေရှု၏နာမတော်ကိုထောက်၍ပြောဆိုပြုမူကြ လော့။ ထိုအရှင်ကိုအမှီပြု၍အဖဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
18. ဇနီးဖြစ်သူတို့၊ ခင်ပွန်းများ၏အုပ်စိုးခြင်းကို ခံယူကြလော့။ သင်တို့သည်ခရစ်ယာန်များ အနေဖြင့်ဤသို့ခံယူသင့်ကြ၏။-
19. ခင်ပွန်းဖြစ်သူတို့၊ ဇနီးများကိုချစ်ကြလော့။ သူတို့အားကြမ်းတမ်းစွာမပြုကြနှင့်။
20. သားသမီးဖြစ်သူတို့၊ မိဘစကားကိုအစဉ် နားထောင်ကြလော့။ ဤအမှုသည်ဘုရားသခင် နှစ်သက်တော်မူသောအမှု၊ ပြုကျင့်အပ်သော အမှုဖြစ်၏။-