5. ငါသည်ခန္ဓာအားဖြင့်သင်တို့နှင့်ဝေးကွာ သော်လည်းစိတ်အားဖြင့်သင်တို့နှင့်အတူရှိ၏။ သင်တို့သည်တစ်လုံးတစ်စည်းတည်းရှိ၍ ခရစ် တော်ကိုမြဲမြံခိုင်မာစွာယုံကြည်လျက်နေ ကြသည်ကိုတွေ့ရသဖြင့်ငါဝမ်းမြောက်၏။
6. သင်တို့သည်ခရစ်တော်ယေရှုအားအရှင် သခင်အဖြစ်လက်ခံခဲ့ကြသဖြင့် ကိုယ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်အသက် ရှင်ကြလော့။-
7. သွန်သင်ခြင်းကိုခံရသည်အတိုင်းကိုယ်တော် ၌နက်နဲစွာအမြစ်စွဲလျက်ကိုယ်တော်အပေါ်၌ မိမိတို့ဘဝကိုတည်ဆောက်ကာသင်တို့၏ ယုံကြည်ခြင်းကိုပို၍ခိုင်မြဲစေကြလော့။ ကျေးဇူးတော်ကိုချီးမွမ်းလျက်နေကြလော့။
8. ခရစ်တော်ထံမှမဟုတ်ဘဲလူတို့၏ထုံးတမ်း စဉ်လာမှလည်းကောင်း၊ စကြဝဠာကို အစိုးရ သည့်ဝိညာဉ်များမှလည်းကောင်း၊ လက်ဆင့်ကမ်း သည့်အချည်းနှီးသောလူပညာပရိယာယ်ဖြင့် အဘယ်သူမျှသင်တို့အားကျွန်ဘဝသို့ မသက်ဆင်းစေရန်သတိပြုကြလော့။-
9. လူ့ဇာတိအဖြစ်နှင့်လောကတွင်သက်တော် ထင်ရှားရှိတော်မူစဉ်အခါက ခရစ်တော်၌ ဘုရားဇာတိတော်အပြည့်အဝကိန်းအောင်း တော်မူပေသည်။-
10. သင်တို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသောအသက်ကိုရရှိ ကြ၏။ ထိုအရှင်ကားဝိညာဉ်ရေးဆိုင်ရာတန်ခိုး ရှင်များနှင့်အာဏာပိုင်အပေါင်းတို့ကိုအစိုးရ တော်မူသတည်း။
11. ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လာကြ သောအခါ သင်တို့ဇာတိသဘောတရားမှ လွတ်မြောက်ခြင်းတည်းဟူသောခရစ်တော်၏ အရေဖျားလှီးမင်္ဂလာကိုခံယူကြပေသည်။ ဤအရေဖျားလှီးမင်္ဂလာကားကာယနှင့် ဆိုင်သောအရေဖျားလှီးခြင်းမဟုတ်။-
12. သင်တို့သည်ဗတ္တိဇံခံသောအခါကိုယ်တော်နှင့် အတူမြှုပ်နှံခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၌ ရှင်ပြန်ထမြောက်စေနိုင်သော တန်ခိုးတော်ကိုသင်တို့ယုံကြည်ကြသောကြောင့် ကိုယ်တော်နှင့်အတူရှင်ပြန်ထမြောက်ကြ၏။
13. သင်တို့သည်အခါတစ်ပါးကအပြစ်ကူး သူများဖြစ်ကြသောကြောင့်လည်းကောင်း၊ ပညတ် တရားမခံယူသောလူမျိုးခြားဖြစ်သော ကြောင့်လည်းကောင်း ဝိညာဉ်ရေးအရသေသူ များဖြစ်ကြ၏။ သို့ရာတွင်ဘုရားသခင်သည် သင်တို့အား ခရစ်တော်နှင့်အတူအသက်ရှင် စေတော်မူ၏။ ဘုရားသခင်သည်ငါတို့၏ အပြစ်ဟူသမျှကိုဖြေလွှတ်တော်မူ၍၊-
14. ငါတို့၏အပြစ်ကြွေးစာရင်းကိုလည်းကောင်း၊ ၎င်းနှင့်ဆိုင်သောဥပဒေစည်းကမ်းများကို လည်းကောင်း၊ လက်ဝါးကပ်တိုင်တွင်ရိုက်ခြင်း အားဖြင့်ပယ်ဖျက်တော်မူသည်။-
15. ထိုလက်ဝါးကပ်တိုင်ပေါ်တွင်ခရစ်တော်သည် ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များနှင့်အာဏာ ပိုင်အပေါင်းတို့၏တန်ခိုးအာဏာကိုပယ်ရှား တော်မူပြီးနောက် ၎င်းတို့ကိုသုံ့ပန်းများအဖြစ် အောင်ပွဲလှည့်ရာတွင်နောက်မှလိုက်ပါစေကာ လူအပေါင်းတို့အားပြတော်မူ၏။
16. သို့ဖြစ်၍အစားအသောက်နှင့်ပတ်သက်၍ဖြစ် စေ၊ ဘာသာရေးပွဲနေ့၊ လဆန်းပွဲနေ့၊ ဥပုသ်နေ့ နှင့်ပတ်သက်၍ဖြစ်စေသင်တို့အတွက်အဘယ် သူမျှဥပဒေစည်းကမ်းမပြုလုပ်စေနှင့်။-
17. ထိုအရာတို့သည်နောင်အခါဖြစ်ပေါ်လာမည့် အရာတို့၏အရိပ်အရောင်မျှသာဖြစ်ကြ၏။ အတုမဟုတ်အစစ်မှာခရစ်တော်ဖြစ်သည်။-
18. မမှန်ကန်သောနှိမ့်ချခြင်း၊ ကောင်းကင်တမန် တို့အားဝတ်ပြုကိုးကွယ်ခြင်းတို့ကိုအလေး အနက်ပြောဆို၍မိမိတို့တွေ့မြင်သည့်ဗျာ ဒိတ်ရူပါရုံများကိုအကြောင်းပြုကာ မိမိ တို့ကအခြားသူတို့ထက်သာသည်ဟုပြော ဆိုတတ်သူများကသင်တို့အားရှုတ်ချခွင့် ကိုမပေးနှင့်။ သူတို့သည်လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက်အကြောင်းမဲ့စိတ် နေမြင့်လျက်ရှိကြ၏။-
19. သူတို့သည်ခန္ဓာကိုယ်၏ဦးခေါင်းတည်းဟူ သောခရစ်တော်ကိုမှီခိုအားကိုးမှုမရှိကြ တော့ချေ။ ခရစ်တော်၏ထိန်းသိမ်းမှုအောက် တွင်အဆစ်များနှင့်အရိုးချင်းဆက်ပေးသည့် အရွတ်များအားဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အာဟာရကိုခံယူကာဘုရားသခင်၏ အလိုတော်ရှိသည်အတိုင်းကြီးပွားတတ်၏။
20. သင်တို့သည်ခရစ်တော်နှင့်အတူ သေပြီဖြစ် သဖြင့်ဤလောကဋ္ဌာတ်ကို အစိုးရသော တန်ခိုးရှင်များ၏လက်အောက်တွင်မရှိတော့ ပေ။-