18. မမှန်ကန်သောနှိမ့်ချခြင်း၊ ကောင်းကင်တမန် တို့အားဝတ်ပြုကိုးကွယ်ခြင်းတို့ကိုအလေး အနက်ပြောဆို၍မိမိတို့တွေ့မြင်သည့်ဗျာ ဒိတ်ရူပါရုံများကိုအကြောင်းပြုကာ မိမိ တို့ကအခြားသူတို့ထက်သာသည်ဟုပြော ဆိုတတ်သူများကသင်တို့အားရှုတ်ချခွင့် ကိုမပေးနှင့်။ သူတို့သည်လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက်အကြောင်းမဲ့စိတ် နေမြင့်လျက်ရှိကြ၏။-
19. သူတို့သည်ခန္ဓာကိုယ်၏ဦးခေါင်းတည်းဟူ သောခရစ်တော်ကိုမှီခိုအားကိုးမှုမရှိကြ တော့ချေ။ ခရစ်တော်၏ထိန်းသိမ်းမှုအောက် တွင်အဆစ်များနှင့်အရိုးချင်းဆက်ပေးသည့် အရွတ်များအားဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အာဟာရကိုခံယူကာဘုရားသခင်၏ အလိုတော်ရှိသည်အတိုင်းကြီးပွားတတ်၏။
20. သင်တို့သည်ခရစ်တော်နှင့်အတူ သေပြီဖြစ် သဖြင့်ဤလောကဋ္ဌာတ်ကို အစိုးရသော တန်ခိုးရှင်များ၏လက်အောက်တွင်မရှိတော့ ပေ။-
21. ထိုသို့ဖြစ်ပါလျက်သင်တို့သည်အဘယ်ကြောင့် ဤလောကနှင့်သက်ဆိုင်သူများကဲ့သို့ပြုကျင့် နေကြသနည်း။ အဘယ်ကြောင့်``ဤအရာကို မကိုင်နှင့်။ ထိုအရာကိုမမြည်းမစမ်းနှင့်။ မတို့ မထိနှင့်'' အစရှိသည့်ဥပဒေများကိုလိုက် လျှောက်နေကြသနည်း။-
22. ထိုဥပဒေများသည်အသုံးပြုပြီးနောက်အသုံး မဝင်တော့သည့်အရာများနှင့်စပ်ဆိုင်၏။ ယင်းတို့ အားလုံးပင်လျှင်လူလုပ်သည့်ဥပဒေများ၊ သွန် သင်ချက်များသာဖြစ်သည်။-
23. ကောင်းကင်တမန်များအားမဖြစ်မနေကိုး ကွယ်ရခြင်း၊ မမှန်ကန်သောစိတ်နှိမ့်ချခြင်း၊ အလွန်အမင်းကိုယ်ခန္ဓာကိုနှိပ်စက်ခြင်းတည်း ဟူသောဥပဒေတို့သည် ဉာဏ်ပညာနှင့်ယှဉ် သောဥပဒေပညတ်များဖြစ်ဟန်တူသော် လည်းကာယတပ်မက်မှုများကိုထိန်းချုပ် ရာတွင်မည်သို့မျှအထောက်အကူမပေး ချေ။