24. ငါသည်သင်တို့အတွက်ဆင်းရဲဒုက္ခခံရ၍ဝမ်း မြောက်ပါ၏။ ခရစ်တော်သည်မိမိ၏ကိုယ်ခန္ဓာ တည်းဟူသောအသင်းတော်အတွက်ခံရန်ကျန် ရှိနေသည့်ဆင်းရဲဒုက္ခများကိုငါကူညီ၍ ဖြည့်စွက်ပေး၏။-
25. သင်တို့၏အကျိုးငှာဘုရားသခင်သည်ငါ့ အားအသင်းတော်၏အမှုတော်ဆောင်အဖြစ် ခန့်ထားတော်မူပေသည်။ ငါ့အားပေးအပ်တော် မူသောအလုပ်တာဝန်မှာနှုတ်ကပတ်တရား တော်ကိုအကုန်အစင်ကြေညာရန်ပင်ဖြစ်၏။-
26. ကိုယ်တော်သည်ထိုနက်နဲရာကိုကမ္ဘာမြေပေါ် ရှိလူသားအပေါင်းတို့အား လွန်ခဲ့သောခေတ် ကာလများတွင်သိခွင့်ပေးတော်မမူခဲ့သော် လည်း ယခုအခါမိမိ၏လူစုတော်အား ဖော်ပြတော်မူလေပြီ။-
27. ဘုရားသခင်၏အကြံအစည်တော်မှာလူမျိုး တကာတို့အတွက်ကြွယ်ဝ၍ ဘုန်းအသရေနှင့် ပြည့်စုံသောနက်နဲသည့်အရာအကြောင်းကို မိမိ လူစုတော်အားသိစေရန်ပင်ဖြစ်၏။ ဤနက်နဲ သောအရာကားခရစ်တော်သည်သင်တို့စိတ် အတွင်း၌ကျိန်းဝပ်တော်မူကြောင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော်သင်တို့သည်ဘုရား သခင်နှင့်အတူဘုန်းအသရေတော်ကို ခံစားရမည်ဖြစ်ကြောင်းတည်း။-