ကော​လော​သဲ 1:22-29 Common Language Bible (BCL)

22. သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ့​ဇာ​တိ​ကို​ခံ​ယူ​သော​သား​တော်​အား​အ​သေ ခံ​စေ​တော်​မူ​သော​အား​ဖြင့် သင်​တို့​အား​မိ​မိ​နှင့် မိတ်​ဆွေ​ဖြစ်​ခွင့်​ကို​ပေး​တော်​မူ​လေ​ပြီ။ ယင်း​သို့ ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​သည်​ဖြူ​စင်​သန့်​ရှင်း မြင့်​မြတ်​လျက် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​ရှေ့​တော် မှောက်​သို့​ဝင်​ရောက်​နိုင်​ကြ​ရန်​ပင်​ဖြစ်​သည်။-

23. သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည် ခြင်း​ကို အုတ်​မြစ်​ကဲ့​သို့​ခိုင်​မာ​စေ​ရန်​ဆက် လက်​ထိန်း​သိမ်း​ရ​ကြ​မည်။ သင်​တို့​သည်​သ​တင်း ကောင်း​ကို​ကြား​သိ​ရ​စဉ်​အ​ခါ​က​ရ​ရှိ​ခဲ့ သော​မျှော်​လင့်​ခြင်း​မှ​မ​ယိမ်း​မ​ယိုင်​စေ​နှင့်။ ကမ္ဘာ​အ​နှံ့​အ​ပြား​သို့​ရောက်​ရှိ​ပြီး​ဖြစ်​သော ထို​သ​တင်း​ကောင်း​အ​တွက်​အ​စေ​ခံ​ကား ငါ​ပေါ​လု​ပင်​ဖြစ်​သည်။

24. ငါ​သည်​သင်​တို့​အ​တွက်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဝမ်း မြောက်​ပါ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ တည်း​ဟူ​သော​အ​သင်း​တော်​အ​တွက်​ခံ​ရန်​ကျန် ရှိ​နေ​သည့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ငါ​ကူ​ညီ​၍ ဖြည့်​စွက်​ပေး​၏။-

25. သင်​တို့​၏​အ​ကျိုး​ငှာ​ဘု​ရား​သ​ခင်​သည်​ငါ့ အား​အ​သင်း​တော်​၏​အ​မှု​တော်​ဆောင်​အ​ဖြစ် ခန့်​ထား​တော်​မူ​ပေ​သည်။ ငါ့​အား​ပေး​အပ်​တော် မူ​သော​အလုပ်​တာ​ဝန်​မှာ​နှုတ်​က​ပတ်​တ​ရား တော်​ကို​အ​ကုန်​အ​စင်​ကြေ​ညာ​ရန်​ပင်​ဖြစ်​၏။-

26. ကိုယ်​တော်​သည်​ထို​နက်​နဲ​ရာ​ကို​ကမ္ဘာ​မြေ​ပေါ် ရှိ​လူ​သား​အ​ပေါင်း​တို့​အား လွန်​ခဲ့​သော​ခေတ် ကာ​လ​များ​တွင်​သိ​ခွင့်​ပေး​တော်​မ​မူ​ခဲ့​သော် လည်း ယ​ခု​အ​ခါ​မိ​မိ​၏​လူ​စု​တော်​အား ဖော်​ပြ​တော်​မူ​လေ​ပြီ။-

27. ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​မှာ​လူ​မျိုး တ​ကာ​တို့​အ​တွက်​ကြွယ်​ဝ​၍ ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ​သော​နက်​နဲ​သည့်​အ​ရာ​အ​ကြောင်း​ကို မိ​မိ လူ​စု​တော်​အား​သိ​စေ​ရန်​ပင်​ဖြစ်​၏။ ဤ​နက်​နဲ သော​အ​ရာ​ကား​ခ​ရစ်​တော်​သည်​သင်​တို့​စိတ် အ​တွင်း​၌​ကျိန်း​ဝပ်​တော်​မူ​ကြောင်း​ပင်​ဖြစ်​၏။ တစ်​နည်း​အား​ဖြင့်​ဆို​သော်​သင်​တို့​သည်​ဘုရား သ​ခင်​နှင့်​အ​တူ​ဘုန်း​အ​သ​ရေ​တော်​ကို ခံ​စား​ရ​မည်​ဖြစ်​ကြောင်း​တည်း။-

28. သို့​ဖြစ်​၍​ငါ​တို့​သည်​လူ​အ​ပေါင်း​တို့​အား ခ​ရစ်​တော်​၏​အ​ကြောင်း​တော်​ကို​ဟော​ပြော ကြ​၏။ လူ​တိုင်း​အား​ရင့်​ကျက်​သူ​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ ရန်​ပို့​ဆောင်​နိုင်​အံ့​သော​ငှာ ငါ​တို့​သည်​ဉာဏ် ပ​ညာ​ရှိ​သ​မျှ​ဖြင့်​လူ​တိုင်း​ကို​သ​တိ​ပေး သွန်​သင်​ကြ​၏။-

29. ဤ​တာ​ဝန်​လုပ်​ငန်း​ကို​ငါ​ကြိုး​ပမ်း​လုပ်​ဆောင် လျက်​ရှိ​စဉ်​ခ​ရစ်​တော်​သည် ငါ့​အား​ကြီး​မား သော​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​သည်။ ထို တန်​ခိုး​စွမ်း​ရည်​သည်​ငါ​၏​အ​ထဲ​၌​လုပ် ဆောင်​လျက်​ရှိ​၏။

ကော​လော​သဲ 1