20. သို့ဖြစ်၍ဘုရားသခင်သည်သားတော်အား ဖြင့်စကြဝဠာတစ်ခုလုံးကို မိမိထံပြန် လာစေရန်ဆုံးဖြတ်တော်မူ၏။ သားတော်ကို လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံစေတော် မူခြင်းအားဖြင့်ရန်ကိုငြိမ်းစေတော်မူ၏။ ဤနည်းအားဖြင့်ကမ္ဘာမြေကြီးနှင့်ကောင်း ကင်တွင်ရှိသမျှသောအရာတို့အားမိမိ ထံပြန်လာစေတော်မူ၏။
21. အခါတစ်ပါးကသင်တို့သည်ဘုရားသခင် နှင့်ဝေးကွာလျက်နေခဲ့ကြ၏။ သင်တို့သည် မိမိတို့၏ဆိုးညစ်သည့်အကျင့်အကြံများ ကြောင့်ကိုယ်တော်နှင့်ရန်ဘက်ဖြစ်ခဲ့ကြပေသည်။-
22. သို့ရာတွင်ယခုအခါ၌ဘုရားသခင်သည် လူ့ဇာတိကိုခံယူသောသားတော်အားအသေ ခံစေတော်မူသောအားဖြင့် သင်တို့အားမိမိနှင့် မိတ်ဆွေဖြစ်ခွင့်ကိုပေးတော်မူလေပြီ။ ယင်းသို့ ပြုတော်မူခြင်းမှာသင်တို့သည်ဖြူစင်သန့်ရှင်း မြင့်မြတ်လျက် အပြစ်ဆိုဖွယ်မရှိဘဲရှေ့တော် မှောက်သို့ဝင်ရောက်နိုင်ကြရန်ပင်ဖြစ်သည်။-
23. သို့ရာတွင်သင်တို့သည်မိမိတို့၏ယုံကြည် ခြင်းကို အုတ်မြစ်ကဲ့သို့ခိုင်မာစေရန်ဆက် လက်ထိန်းသိမ်းရကြမည်။ သင်တို့သည်သတင်း ကောင်းကိုကြားသိရစဉ်အခါကရရှိခဲ့ သောမျှော်လင့်ခြင်းမှမယိမ်းမယိုင်စေနှင့်။ ကမ္ဘာအနှံ့အပြားသို့ရောက်ရှိပြီးဖြစ်သော ထိုသတင်းကောင်းအတွက်အစေခံကား ငါပေါလုပင်ဖြစ်သည်။
24. ငါသည်သင်တို့အတွက်ဆင်းရဲဒုက္ခခံရ၍ဝမ်း မြောက်ပါ၏။ ခရစ်တော်သည်မိမိ၏ကိုယ်ခန္ဓာ တည်းဟူသောအသင်းတော်အတွက်ခံရန်ကျန် ရှိနေသည့်ဆင်းရဲဒုက္ခများကိုငါကူညီ၍ ဖြည့်စွက်ပေး၏။-