ကော​လော​သဲ 1:13-24 Common Language Bible (BCL)

13. ကိုယ်​တော်​သည်​ငါ​တို့​အား​မှောင်​မိုက်​၏ တန်​ခိုး​မှ​ကယ်​နုတ်​တော်​မူ​၍ မိ​မိ​ချစ်​မြတ် နိုး​တော်​မူ​သော​သား​တော်​၏​နိုင်​ငံ​တော်​ထဲ သို့​ခေါ်​သွင်း​တော်​မူ​၏။-

14. ဘု​ရား​သ​ခင်​သည်​ထို​သား​တော်​အား​ဖြင့်​ငါ တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပြီ။ တစ်​နည်း အား​ဖြင့်​ငါ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပြီ။

15. ခ​ရစ်​တော်​သည်​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​သား​ဦး​ဖြစ်​သ​ဖြင့်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ထက်​ကြီး​မြတ် တော်​မူ​ပေ​သည်။-

16. အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​လော​က​ရှိ​တန် ခိုး​ရှင်​များ​နှင့် အာ​ဏာ​ပိုင်​များ​အ​ပါ​အ​ဝင် ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​မျက်​စိ​ဖြင့် မြင်​နိုင်​သော​အ​ရာ၊ မ​မြင်​နိုင်​သော​အ​ရာ ဟူ​သ​မျှ​ကို​ဖန်​ဆင်း​တော်​မူ​သော​ကြောင့် တည်း။ ဘု​ရား​သ​ခင်​သည်​ထို​သ​ခင်​၏ အ​ဖို့​အ​လို့​ငှါ​ထို​သ​ခင်​အား​ဖြင့်​စ​ကြ ဝ​ဠာ​တစ်​ခု​လုံး​ကို​ဖန်​ဆင်း​တော်​မူ​၏။-

17. ခ​ရစ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​မ​ပေါ် ပေါက်​မီ​က​ပင်​ရှိ​နေ​တော်​မူ​၏။ ခပ်​သိမ်း​သော အ​ရာ​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သော​အား​ဖြင့်​စ​နစ်​တ​ကျ​တည် လျက်​ရှိ​၏။-

18. ကိုယ်​တော်​သည်​အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​ခန္ဓာ​တော်​၏​ဦး​ခေါင်း​ဖြစ်​တော်​မူ​၏။ ကိုယ် တော်​ထံ​မှ​ကိုယ်​ခန္ဓာ​တော်​အ​သက်​ကို​ရ​ရှိ​၏။ ထို​အ​ရှင်​သည်​သား​ဦး​ဖြစ်​၍​သေ​ခြင်း​မှ ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော်​မူ သ​ဖြင့် အ​ရာ​ခပ်​သိမ်း​တို့​၏​အ​ထွတ်​အ​ထိပ် အ​ဖြစ်​ကို​ခံ​ယူ​တော်​မူ​ပေ​သည်။-

19. ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ၊ သား​တော် သည်​ဘု​ရား​ဇာ​တိ​ကို​အ​ပြည့်​အ​ဝ​ခံ​ယူ တော်​မူ​၏။-

20. သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သား​တော်​အား ဖြင့်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​ကို မိ​မိ​ထံ​ပြန် လာ​စေ​ရန်​ဆုံး​ဖြတ်​တော်​မူ​၏။ သား​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​အ​သေ​ခံ​စေ​တော် မူ​ခြင်း​အား​ဖြင့်​ရန်​ကို​ငြိမ်း​စေ​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကမ္ဘာ​မြေ​ကြီး​နှင့်​ကောင်း ကင်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​အား​မိ​မိ ထံ​ပြန်​လာ​စေ​တော်​မူ​၏။

21. အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​ဘု​ရား​သ​ခင် နှင့်​ဝေး​ကွာ​လျက်​နေ​ခဲ့​ကြ​၏။ သင်​တို့​သည် မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​အ​ကျင့်​အ​ကြံ​များ ကြောင့်​ကိုယ်​တော်​နှင့်​ရန်​ဘက်​ဖြစ်​ခဲ့​ကြ​ပေ​သည်။-

22. သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ့​ဇာ​တိ​ကို​ခံ​ယူ​သော​သား​တော်​အား​အ​သေ ခံ​စေ​တော်​မူ​သော​အား​ဖြင့် သင်​တို့​အား​မိ​မိ​နှင့် မိတ်​ဆွေ​ဖြစ်​ခွင့်​ကို​ပေး​တော်​မူ​လေ​ပြီ။ ယင်း​သို့ ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​သည်​ဖြူ​စင်​သန့်​ရှင်း မြင့်​မြတ်​လျက် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​ရှေ့​တော် မှောက်​သို့​ဝင်​ရောက်​နိုင်​ကြ​ရန်​ပင်​ဖြစ်​သည်။-

23. သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည် ခြင်း​ကို အုတ်​မြစ်​ကဲ့​သို့​ခိုင်​မာ​စေ​ရန်​ဆက် လက်​ထိန်း​သိမ်း​ရ​ကြ​မည်။ သင်​တို့​သည်​သ​တင်း ကောင်း​ကို​ကြား​သိ​ရ​စဉ်​အ​ခါ​က​ရ​ရှိ​ခဲ့ သော​မျှော်​လင့်​ခြင်း​မှ​မ​ယိမ်း​မ​ယိုင်​စေ​နှင့်။ ကမ္ဘာ​အ​နှံ့​အ​ပြား​သို့​ရောက်​ရှိ​ပြီး​ဖြစ်​သော ထို​သ​တင်း​ကောင်း​အ​တွက်​အ​စေ​ခံ​ကား ငါ​ပေါ​လု​ပင်​ဖြစ်​သည်။

24. ငါ​သည်​သင်​တို့​အ​တွက်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဝမ်း မြောက်​ပါ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ တည်း​ဟူ​သော​အ​သင်း​တော်​အ​တွက်​ခံ​ရန်​ကျန် ရှိ​နေ​သည့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ငါ​ကူ​ညီ​၍ ဖြည့်​စွက်​ပေး​၏။-

ကော​လော​သဲ 1