10. သို့မှသာအစဉ်အမြဲသခင်ဘုရားနှစ်သက် တော်မူစေရန်လည်းကောင်း၊ ကိုယ်တော်၏ဘုန်း အသရေတော်ထွန်းတောက်စေရန်လည်းကောင်း သင်တို့ပြုမူကျင့်ကြံနိုင်ကြလိမ့်မည်။ ယင်း သို့ပြုမူကျင့်ကြံသဖြင့် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသောအသီး အပွင့်များကိုဖြစ်ထွန်းစေကြလိမ့်မည်။ ဘုရားသခင်ကိုလည်းတိုး၍သိကျွမ်း လာကြလိမ့်မည်။-
11-12. သင်တို့သည်အရာခပ်သိမ်းကိုစိတ်ရှည်စွာ ခံနိုင်ရည်ရှိစေရန် ဘုရားသခင်၏ဘုန်း ကြီးသောတန်ခိုးတော်မှရရှိသည့်စွမ်းရည် အမျိုးမျိုးဖြင့်ရပ်တည်နိုင်ကြပါစေသော။ ထိုမှတစ်ပါးလည်းအလင်းနိုင်ငံတော်တွင် ကိုယ်တော်၏လူစုတော်အတွက်လျာထား သည့်ကောင်းချီးမင်္ဂလာများကို သင်တို့ အားခံစားထိုက်သူများဖြစ်စေတော်မူ သော အဖဘုရားသခင်၏ကျေးဇူးတော် ကိုဝမ်းမြောက်စွာချီးမွမ်းနိုင်ကြပါစေ သော။-
13. ကိုယ်တော်သည်ငါတို့အားမှောင်မိုက်၏ တန်ခိုးမှကယ်နုတ်တော်မူ၍ မိမိချစ်မြတ် နိုးတော်မူသောသားတော်၏နိုင်ငံတော်ထဲ သို့ခေါ်သွင်းတော်မူ၏။-
14. ဘုရားသခင်သည်ထိုသားတော်အားဖြင့်ငါ တို့ကိုလွတ်မြောက်စေတော်မူပြီ။ တစ်နည်း အားဖြင့်ငါတို့၏အပြစ်များကိုဖြေလွှတ် တော်မူပြီ။
15. ခရစ်တော်သည်မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်တော်မူ၏။ ကိုယ်တော်သည်သားဦးဖြစ်သဖြင့်အဖန် ဆင်းခံအရာအပေါင်းတို့ထက်ကြီးမြတ် တော်မူပေသည်။-
16. အဘယ်ကြောင့်ဆိုသော်ထိုသားတော်အားဖြင့် ဘုရားသခင်သည်ကောင်းကင်လောကရှိတန် ခိုးရှင်များနှင့် အာဏာပိုင်များအပါအဝင် ကောင်းကင်နှင့်ကမ္ဘာမြေပေါ်ရှိမျက်စိဖြင့် မြင်နိုင်သောအရာ၊ မမြင်နိုင်သောအရာ ဟူသမျှကိုဖန်ဆင်းတော်မူသောကြောင့် တည်း။ ဘုရားသခင်သည်ထိုသခင်၏ အဖို့အလို့ငှါထိုသခင်အားဖြင့်စကြ ဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူ၏။-