ကော​လော​သဲ 1:1-6 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ခ​ရစ် တော်​ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သူ ငါ​ပေါ​လု နှင့်​ငါ​တို့​၏​ညီ​တိ​မော​သေ​ထံ​မှ၊-

2. ကော​လော​သဲ​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​များ​ဖြစ်​သူ၊ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ခ​ရစ်​တော်​ကို​သစ္စာ​ရှိ​သူ​ညီ အစ်​ကို​များ​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။ သင် တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​ထံ​တော် မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ကြ​ရ​ပါ​စေ​သော။

3. ငါ​တို့​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း​ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​၏။-

4. အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ခ​ရစ်​တော် ယေ​ရှု​ကို​ယုံ​ကြည်​၍ ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​အ​ပေါင်း​တို့​အား​ချစ်​ကြ​သည်​ကို​ငါ​တို့ ကြား​သိ​ရ​သော​ကြောင့်​ဖြစ်​ပေ​သည်။-

5. သမ္မာ​တ​ရား​တည်း​ဟူ​သော​သ​တင်း​ကောင်း​ကို သင်​တို့​ပ​ထ​မ​ဆုံး​အကြိမ်​ကြား​နာ​ရ​သော အ​ခါ မျှော်​လင့်​ရာ​အ​ကြောင်း​ကို​သင်​တို့​ကြား သိ​ရ​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​၏​ယုံကြည်​ခြင်း နှင့်​ချစ်​ခြင်း​သည်​ကောင်း​ကင်​ဘုံ​၌ သင်​တို့​အ​ဖို့ လုံ​ခြုံ​စွာ​လျာ​ထား​သည့်​မျှော်​လင့်​ရာ​အ​ပေါ် တွင်​မူ​တည်​လျက်​နေ​၏။-

6. သင်​တို့​သည်​ဘု​ရား​သခင်​၏​ကျေး​ဇူး​တော် အ​ကြောင်း​ကို​ကြား​ရ​ပြီး​သည့်​နေ့​မှ​စ​၍ ထို ကျေး​ဇူး​တော်​ကို​အ​မှန်​သိ​မြင်​ခံ​စား​ရ​ကြ သည်​နှင့်​အ​မျှ​သ​တင်း​ကောင်း​သည် သင်​တို့ ထံ​သို့​ပျံ့​နှံ့​၍​လာ​ပေ​သည်။ ထို​နည်း​တူ​စွာ သ​တင်း​ကောင်း​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​သို့ ပျံ့​နှံ့​၍ ကောင်း​ချီး​မင်္ဂလာ​များ​ခံ​စား​စေ လျက်​ရှိ​ပေ​သည်။-

11-12. သင်​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​စိတ်​ရှည်​စွာ ခံ​နိုင်​ရည်​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​၏​ဘုန်း ကြီး​သော​တန်​ခိုး​တော်​မှ​ရ​ရှိ​သည့်​စွမ်း​ရည် အ​မျိုး​မျိုး​ဖြင့်​ရပ်​တည်​နိုင်​ကြ​ပါ​စေ​သော။ ထို​မှ​တစ်​ပါး​လည်း​အ​လင်း​နိုင်​ငံ​တော်​တွင် ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက်​လျာ​ထား သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို သင်​တို့ အား​ခံ​စား​ထိုက်​သူ​များ​ဖြစ်​စေ​တော်​မူ သော အ​ဖ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ဝမ်း​မြောက်​စွာ​ချီး​မွမ်း​နိုင်​ကြ​ပါ​စေ သော။-

ကော​လော​သဲ 1