20. နောဧသည်တောင်သူလယ်သမားတစ်ဦးဖြစ်၍ စပျစ်ခြံကိုအဦးဆုံးစိုက်ပျိုးခဲ့သူဖြစ်၏။-
21. သူသည်စပျစ်ရည်သောက်၍မူးယစ်လာသဖြင့် မိမိအဝတ်များကိုချွတ်ပစ်ပြီးလျှင် တဲထဲ၌ကိုယ်တုံးလုံးနေလေ၏။-
22. ခါနာန်၏ဖခင်ဟာမသည်သူ၏ဖခင်ကိုယ်တုံးလုံးရှိသည့်အဖြစ်ကိုမြင်ရလျှင် အပြင်သို့ထွက်၍အစ်ကိုနှစ်ယောက်တို့အားပြောပြလေ၏။-
23. ထိုအခါရှေမနှင့်ယာဖက်တို့သည်ဝတ်ရုံတစ်ထည်ကို မိမိတို့၏ပခုံးများပေါ်တွင်တင်၍ယူခဲ့ကြ၏။ သူတို့သည်တဲထဲသို့ကျောခိုင်းဝင်လာကြပြီးလျှင် သူတို့၏ဖခင်အားလွှမ်းခြုံပေးကြ၏။ ဖခင်ကိုယ်တုံးလုံးရှိသည့်အဖြစ်ကိုမမြင်စေရန် မျက်နှာလွှဲထားကြ၏။-
24. နောဧအမူးပြေ၍သတိရလာသဖြင့် အငယ်ဆုံးသားပြုမူပုံကိုသိရှိရသောအခါ၊
25. ``ခါနာန်သည်ကျိန်စာသင့်ပါစေသော။သူသည်အစ်ကိုတို့ထံတွင်ကျွန်ခံရပါစေသော။
26. ရှေမ၏ဘုရားသခင်ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြစေသတည်း။ခါနာန်သည်ရှေမ၏ကျွန်ဖြစ်ရပါစေသော။
27. ဘုရားသခင်သည်ယာဖက်ကိုချီးမြှင့်ပါစေသော။သူ၏အဆက်အနွယ်တို့သည်ရှေမ၏အမျိုးအနွယ်နှင့်အတူနေရပါစေသော။ခါနာန်သည်ယာဖက်၏ကျွန်ဖြစ်ရပါစေသော'' ဟုဆိုလေ၏။
28. ရေလွှမ်းမိုးခြင်းဘေးလွန်ပြီးနောက်နောဧသည် နှစ်ပေါင်းသုံးရာငါးဆယ်ဆက်လက်အသက်ရှင်နေထိုင်၍၊-
29. အသက်ကိုးရာငါးဆယ်နှစ်ရှိသော်ကွယ်လွန်လေ၏။