12. သင်နှင့်တကွသက်ရှိသတ္တဝါအားလုံးတို့နှင့် ငါထာဝစဉ်ပြုသောပဋိညာဉ်၏လက္ခဏာသက်သေအဖြစ်ဖြင့်၊-
13. မိုးတိမ်ထဲ၌ငါ၏သက်တံ့ကိုပေါ်စေမည်။ ထိုသက်တံသည်ကမ္ဘာလောကနှင့်ငါပြုသောပဋိညာဉ်၏လက္ခဏာသက်သေဖြစ်လိမ့်မည်။-
14. ငါသည်မိုးကောင်းကင်သို့တိမ်များတက်လာစေ၍ တိမ်ထဲတွင်သက်တံ့ပေါ်လာသည့်အခါတိုင်း၊-
15. သက်ရှိသတ္တဝါအပေါင်းတို့ကိုနောက်တစ်ဖန်ရေလွှမ်းမိုးခြင်းဘေးဒဏ်ဖြင့် မသေကြေမပျက်စီးရဟုသင်တို့နှင့်တကွတိရစ္ဆာန်အပေါင်းတို့အားငါထားသောကတိကိုသတိရမည်။-
16. တိမ်များထဲ၌သက်တံ့ပေါ်လာသောအခါ ထိုသက်တံ့ကိုငါမြင်ရ၍ ကမ္ဘာမြေကြီးပေါ်ရှိသက်ရှိသတ္တဝါအပေါင်းတို့နှင့်ငါထာဝစဉ်ပြုသောပဋိညာဉ်ကိုသတိရမည်' ဟူ၍ဖြစ်သည်။-
17. ဤသည်ကားကမ္ဘာမြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့နှင့် ငါပြုသောကတိတော်၏လက္ခဏာသက်သေဖြစ်၏'' ဟုမိန့်တော်မူ၏။
18. သင်္ဘောထဲမှထွက်လာခဲ့ကြသောနောဧ၏သားများမှာရှေမ၊ ဟာမနှင့်ယာဖက်တို့ဖြစ်ကြ၏။ (ဟာမသည်ခါနာန်၏အဖဖြစ်၏။-)
19. ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့သည် နောဧ၏သားသုံးယောက်တို့မှဆင်းသက်ပေါက်ပွားလာကြကုန်၏။
20. နောဧသည်တောင်သူလယ်သမားတစ်ဦးဖြစ်၍ စပျစ်ခြံကိုအဦးဆုံးစိုက်ပျိုးခဲ့သူဖြစ်၏။-
21. သူသည်စပျစ်ရည်သောက်၍မူးယစ်လာသဖြင့် မိမိအဝတ်များကိုချွတ်ပစ်ပြီးလျှင် တဲထဲ၌ကိုယ်တုံးလုံးနေလေ၏။-
22. ခါနာန်၏ဖခင်ဟာမသည်သူ၏ဖခင်ကိုယ်တုံးလုံးရှိသည့်အဖြစ်ကိုမြင်ရလျှင် အပြင်သို့ထွက်၍အစ်ကိုနှစ်ယောက်တို့အားပြောပြလေ၏။-
23. ထိုအခါရှေမနှင့်ယာဖက်တို့သည်ဝတ်ရုံတစ်ထည်ကို မိမိတို့၏ပခုံးများပေါ်တွင်တင်၍ယူခဲ့ကြ၏။ သူတို့သည်တဲထဲသို့ကျောခိုင်းဝင်လာကြပြီးလျှင် သူတို့၏ဖခင်အားလွှမ်းခြုံပေးကြ၏။ ဖခင်ကိုယ်တုံးလုံးရှိသည့်အဖြစ်ကိုမမြင်စေရန် မျက်နှာလွှဲထားကြ၏။-
24. နောဧအမူးပြေ၍သတိရလာသဖြင့် အငယ်ဆုံးသားပြုမူပုံကိုသိရှိရသောအခါ၊