ကမ္ဘာ​ဦး 8:9-22 Common Language Bible (BCL)

9. မြေ​ပြင်​တစ်​ခု​လုံး​ရေ​လွှမ်း​လျက်​ရှိ​သေး​သ​ဖြင့် ချိုး​ငှက်​သည်​နား​စ​ရာ​နေ​ရာ​မ​တွေ့​ရ​ချေ။ ထို့ ကြောင့်​သင်္ဘော​သို့​ပြန်​လာ​ခဲ့​ရာ​နော​ဧ​သည် လက် ဆန့်​၍​ချိုး​ကို​ဖမ်း​ယူ​ပြီး​လျှင်​သင်္ဘော​ထဲ​သို့ ပြန်​သွင်း​ထား​လေ​၏။-

10. ခု​နစ်​ရက်​စောင့်​ဆိုင်း​နေ​ပြီး​လျှင်​ထို​ချိုး​ငှက် ကို​အ​ပြင်​သို့​တစ်​ဖန်​လွှတ်​လိုက်​၏။-

11. ည​နေ​ချမ်း​အ​ချိန်​တွင်​ချိုး​ငှက်​သည်​နှုတ်​သီး​ဖြင့် သံ​လွင်​ရွက်​စိမ်း​ကို​ကိုက်​ချီ​လျက်​နော​ဧ​ထံ​သို့ ပြန်​လာ​၏။ ထို့​ကြောင့်​ရေ​ကျ​ပြီ​ဖြစ်​ကြောင်း နော​ဧ​သိ​ရှိ​ရ​လေ​၏။-

12. နော​ဧ​သည်​ခု​နစ်​ရက်​ထပ်​၍​စောင့်​ဆိုင်း​နေ​ပြီး နောက် ထို​ချိုး​ငှက်​ကို​အ​ပြင်​သို့​လွှတ်​လိုက်​ပြန် ရာ​ဤ​တစ်​ကြိမ်​တွင်​ပြန်​၍​မ​လာ​တော့​ချေ။

13. နော​ဧ​အ​သက်​ခြောက်​ရာ​တစ်​နှစ်​ရှိ​သော​အ​ခါ ပ​ထ​မ​လ​တစ်​ရက်​နေ့​တွင်​မြေ​ပြင်​ပေါ်​၌​ရေ ခန်း​လေ​၏။ နော​ဧ​သည်​သင်္ဘော​အ​မိုး​ကို​ဖွင့်​၍ အ​ပြင်​ဘက်​သို့​မျှော်​ကြည့်​သည့်​အ​ခါ​မြေ ပြင်​မှာ​ခြောက်​သွေ့​စ​ရှိ​ကြောင်း​တွေ့​မြင်​ရ​၏။-

14. ဒု​တိ​ယ​လ​နှစ်​ဆယ့်​ခု​နစ်​ရက်​နေ့​တွင်​မြေ​ပြင် သည်​လုံး​ဝ​ခြောက်​သွေ့​လေ​၏။

15. ဘု​ရား​သ​ခင်​က​နော​ဧ​အား၊

16. ``သင်​သည်​သင်​၏​မ​ယား၊ သား​များ၊ ချွေး​မ​များ နှင့်​တ​ကွ​သင်္ဘော​ထဲ​မှ​ထွက်​ကြ​လော့။-

17. ငှက်​နှင့်​တိရစ္ဆာန်​အ​ပေါင်း​တို့​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​မှာ​မျိုး​ပွား​စေ​ရန် ယင်း​တို့​ကို​သင်​နှင့်​အ​တူ ထုတ်​ဆောင်​လော့'' ဟု​မိန့်​တော်​မူ​၏။-

18. ထို့​ကြောင့်​နော​ဧ​သည် သူ​၏​မ​ယား၊ သား​များ၊ ချွေး​မ​များ​နှင့်​အ​တူ​သ​င်္ဘော​ထဲ​မှ​ထွက်​လာ ၏။-

19. တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​သည်​လည်း ယင်း​တို့ အ​မျိုး​အ​လိုက်​သင်္ဘော​ထဲ​မှ​ထွက်​လာ​ကြ​လေ ၏။

20. နော​ဧ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ် ပလ္လင်​ကို​တည်​၍ သန့်​စင်​သော​တိရစ္ဆာန်​နှင့်​ငှက်​အ​မျိုး မျိုး​ထဲ​မှ​တစ်​ကောင်​ကျ​စီ​ယူ​လျက် ပလ္လင်​ထက်​တွင် အ​ကောင်​လိုက်​မီးရှို့​ပူ​ဇော်​လေ​၏။-

21. ထာ​ဝ​ရ​ဘု​ရား​သည်​မွှေး​ကြိုင်​သော​ရ​နံ့​ကို နှစ်​သက်​တော်​မူ​၍``လူ​တို့​၏​အ​ကျင့်​ကြောင့်​နောင် မည်​သည့်​အ​ခါ​၌​မျှ မြေ​ကြီး​ကို​ကျိန်​စာ​သင့် စေ​မည်​မ​ဟုတ်။ လူ​သည်​ငယ်​ရွယ်​စဉ်​မှ​စ​၍​စိတ် နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ယုတ်​ကြောင်း​ငါ​သိ​၏။ ငါ​သည်​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ယ​ခု အ​ကြိမ်​ကဲ့​သို့​နောက်​တစ်​ဖန်​သေ​ကြေ​ပျက်​စီး စေ​မည်​မ​ဟုတ်။-

22. ကမ္ဘာ​တည်​သ​မျှ​စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် ရိတ်​သိမ်း​ရ​သော​အ​ချိန်​ရှိ​စေ​မည်။ အ​အေး​နှင့် အ​ပူ၊ နွေ​ရာ​သီ​နှင့်​ဆောင်း​ရာ​သီ၊ နေ့​ည​မ​ပြတ် ရှိ​စေ​မည်'' ဟု​စိတ်​ပြ​ဋ္ဌာန်း​တော်​မူ​၏။

ကမ္ဘာ​ဦး 8