ကမ္ဘာ​ဦး 8:14-19 Common Language Bible (BCL)

14. ဒု​တိ​ယ​လ​နှစ်​ဆယ့်​ခု​နစ်​ရက်​နေ့​တွင်​မြေ​ပြင် သည်​လုံး​ဝ​ခြောက်​သွေ့​လေ​၏။

15. ဘု​ရား​သ​ခင်​က​နော​ဧ​အား၊

16. ``သင်​သည်​သင်​၏​မ​ယား၊ သား​များ၊ ချွေး​မ​များ နှင့်​တ​ကွ​သင်္ဘော​ထဲ​မှ​ထွက်​ကြ​လော့။-

17. ငှက်​နှင့်​တိရစ္ဆာန်​အ​ပေါင်း​တို့​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​မှာ​မျိုး​ပွား​စေ​ရန် ယင်း​တို့​ကို​သင်​နှင့်​အ​တူ ထုတ်​ဆောင်​လော့'' ဟု​မိန့်​တော်​မူ​၏။-

18. ထို့​ကြောင့်​နော​ဧ​သည် သူ​၏​မ​ယား၊ သား​များ၊ ချွေး​မ​များ​နှင့်​အ​တူ​သ​င်္ဘော​ထဲ​မှ​ထွက်​လာ ၏။-

19. တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​သည်​လည်း ယင်း​တို့ အ​မျိုး​အ​လိုက်​သင်္ဘော​ထဲ​မှ​ထွက်​လာ​ကြ​လေ ၏။

ကမ္ဘာ​ဦး 8