13. နောဧအသက်ခြောက်ရာတစ်နှစ်ရှိသောအခါ ပထမလတစ်ရက်နေ့တွင်မြေပြင်ပေါ်၌ရေ ခန်းလေ၏။ နောဧသည်သင်္ဘောအမိုးကိုဖွင့်၍ အပြင်ဘက်သို့မျှော်ကြည့်သည့်အခါမြေ ပြင်မှာခြောက်သွေ့စရှိကြောင်းတွေ့မြင်ရ၏။-
14. ဒုတိယလနှစ်ဆယ့်ခုနစ်ရက်နေ့တွင်မြေပြင် သည်လုံးဝခြောက်သွေ့လေ၏။
15. ဘုရားသခင်ကနောဧအား၊
16. ``သင်သည်သင်၏မယား၊ သားများ၊ ချွေးမများ နှင့်တကွသင်္ဘောထဲမှထွက်ကြလော့။-
17. ငှက်နှင့်တိရစ္ဆာန်အပေါင်းတို့သည်ကမ္ဘာမြေကြီး ပေါ်မှာမျိုးပွားစေရန် ယင်းတို့ကိုသင်နှင့်အတူ ထုတ်ဆောင်လော့'' ဟုမိန့်တော်မူ၏။-
18. ထို့ကြောင့်နောဧသည် သူ၏မယား၊ သားများ၊ ချွေးမများနှင့်အတူသင်္ဘောထဲမှထွက်လာ ၏။-
19. တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့သည်လည်း ယင်းတို့ အမျိုးအလိုက်သင်္ဘောထဲမှထွက်လာကြလေ ၏။
20. နောဧသည်ထာဝရဘုရားအားပူဇော်ရန်ယဇ် ပလ္လင်ကိုတည်၍ သန့်စင်သောတိရစ္ဆာန်နှင့်ငှက်အမျိုး မျိုးထဲမှတစ်ကောင်ကျစီယူလျက် ပလ္လင်ထက်တွင် အကောင်လိုက်မီးရှို့ပူဇော်လေ၏။-