14. တိရစ္ဆာန်အယဉ်အရိုင်း၊ အကြီးအငယ်အမျိုး မျိုးနှင့် ငှက်အမျိုးမျိုးတို့သည်လည်း သူတို့ နှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။-
15-16. ဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်း သက် ရှိသတ္တဝါတစ်မျိုးစီမှအဖိုနှင့်အမအစုံ တို့သည် နောဧနှင့်သင်္ဘောထဲသို့ဝင်ကြ၏။ နောဧ သင်္ဘောထဲသို့ဝင်ပြီးနောက်ထာဝရဘုရားသည် တံခါးကိုပိတ်တော်မူ၏။
17. အရက်လေးဆယ်ကြာမျှကမ္ဘာမြေကြီးပေါ် တွင် ဆက်လက်၍ရေလွှမ်းမိုးလာရာသင်္ဘောသည် မြေပေါ်မှကြွတက်၏။-
18. ရေပို၍နက်လာသောအခါ သင်္ဘောသည်ရေပေါ် ၌ပေါ်လာ၏။-
19. ရေနက်သည်ထက်နက်လာပြန်သဖြင့် အမြင့် ဆုံးသောတောင်တို့သည်ပင်လျှင်ရေမြုပ်ကြ ကုန်၏။-
20. ထိုနောက်တောင်ထိပ်များအထက်သို့နှစ်ဆယ့် ငါးပေအထိရေတက်လာလေ၏။-
21. ထိုအခါကမ္ဘာမြေကြီးပေါ်မှလူ၊ တိရစ္ဆာန်၊ ငှက် စသောသက်ရှိသတ္တဝါအပေါင်းတို့သည်သေ ကြေပျက်စီးကြကုန်၏။-
22. သို့ဖြစ်၍အသက်ရှင်သမျှသောသတ္တဝါတို့ သေကြေကြကုန်၏။-
23. ထာဝရဘုရားသည် လူ၊ တိရစ္ဆာန်၊ ငှက်စသော သက်ရှိသတ္တဝါအပေါင်းတို့ကိုသုတ်သင်ဖျက် ဆီးတော်မူ၏။ သင်္ဘောပေါ်၌နောဧနှင့်အတူ ရှိသမျှတို့သာလျှင်အသက်ချမ်းသာရာ ရကြ၏။-
24. မြေပြင်ပေါ်တွင် ရက်ပေါင်းတစ်ရာ့ငါးဆယ် ပတ်လုံးရေလွှမ်းလျက်ရှိနေ၏။