ကမ္ဘာ​ဦး 6:2-16 Common Language Bible (BCL)

2. အ​ထက်​ဘုံ​သား အ​ချို့​တို့​သည်​လူ​သ​မီး​များ​ရုပ်​အ​ဆင်း​လှ သည်​ကို​မြင်​၍ မိ​မိ​တို့​နှစ်​သက်​ရာ​ကို​ရွေး​ယူ စုံ​ဖက်​ကြ​၏။-

3. ထာ​ဝ​ရ​ဘု​ရား​က​လည်း``လူ​သည်​သေ​မျိုး​ဖြစ် ၏။ အ​မြဲ​အ​သက်​ရှင်​နေ​ခွင့်​ကို​ငါ​မ​ပေး။ ယ​ခု မှ​စ​၍​လူ​၏​သက်​တမ်း​သည်​အ​နှစ်​တစ်​ရာ့​နှစ် ဆယ်​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​၏။-

4. ကမ္ဘာ​ပေါ်​တွင်​ထို​ကာ​လ​နှင့်​နောက်​ပိုင်း​ကာ​လ​၌ လူ​တို့​၏​သ​မီး​များ​နှင့်​အ​ထက်​ဘုံ​သား​တို့​မှ ပေါက်​ဖွား​လာ​သော​သူ​များ​ရှိ​ကြ​၏။ ထို​သူ​တို့ သည်​ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကြိုင်း​၍ ရှေး​ခေတ် အ​ခါ​က​နာ​မည်​ကျော်​လူ​စွမ်း​ကောင်း​များ ဖြစ်​ကြ​၏။

5. ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လူ​တို့​သည်​အ​လွန်​ဆိုး သွမ်း​၍ စိတ်​အ​ကြံ​အ​စည်​များ​လည်း​အ​စဉ် မိုက်​မဲ​လျက်​ရှိ​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သိ မြင်​တော်​မူ​သော​အ​ခါ၊-

6. လူ​ကို​ဖန်​ဆင်း​၍​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင် စေ​ခဲ့​ခြင်း​ကြောင့် စိတ်​မ​သာ​ဖြစ်​တော်​မူ​၏။-

7. ကိုယ်​တော်​သည်​လွန်​စွာ​စိတ်​မ​သာ​ဖြစ်​တော်​မူ သ​ဖြင့် ``ငါ​ဖန်​ဆင်း​ခဲ့​သော​လူ​တို့​ကို ကမ္ဘာ​ပေါ် မှ​ငါ​သုတ်​သင်​ပစ်​မည်။ တိရစ္ဆာန်​နှင့်​ငှက်​တို့​ကို လည်း​ငါ​သုတ်​သင်​ပစ်​မည်။ သူ​တို့​ကို​ဖန်​ဆင်း မိ​၍ ငါ​သည်​စိတ်​တော်​မ​ချမ်း​မ​သာ​ဖြစ်​ရ ၏'' ဟု​မိန့်​တော်​မူ​၏။-

8. နော​ဧ​သည်​ကား​ထာ​ဝ​ရ​ဘု​ရား​စိတ်​တော် နှင့်​တွေ့​သော​သူ​ဖြစ်​သ​တည်း။

11. အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည်​ကား​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ဆိုး​ယုတ်​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​အ​ကြမ်း​ဖက်​မှု​သည်​အ​ရပ်​ရပ်​သို့ ကူး​စက်​ပျံ့​နှံ့​လျက်​ရှိ​၏။-

12. ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ကြည့်​ရှု တော်​မူ​သော​အ​ခါ လူ​အ​ပေါင်း​တို့​သည်​အ​ကျင့် ပျက်​ဆိုး​ယုတ်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​တော် မူ​လေ​၏။

13. ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​နော​ဧ​အား``ငါ သည်​လူ​သတ္တ​ဝါ​အား​လုံး​ကို​သုတ်​သင်​ရန်​ဆုံး ဖြတ်​ပြီး​ပြီ။ ကမ္ဘာ​မြေ​ကြီး​သည်​သူ​တို့​၏​ပြစ် မှု​များ​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​သ​ဖြင့် သူ​တို့​ကို အ​ကုန်​အ​စင်​သေ​ကြေ​ပျက်​စီး​စေ​မည်။-

14. သင့်​အ​တွက်​သင်္ဘော​တစ်​စင်း​ကို​သစ်​သား​ကောင်း ဖြင့်​တည်​ဆောက်​လော့။ အ​ခန်း​များ​ဖွဲ့​၍​အ​တွင်း အ​ပြင်​ကို​ကတ္တ​ရာ​စေး​သုတ်​လော့။-

15. သင်္ဘော​ကို​အ​လျား​ပေ​လေး​ရာ​ငါး​ဆယ်၊ အ​နံ ပေ​ခု​နစ်​ဆယ့်​ငါး၊ အ​မြင့်​ပေ​လေး​ဆယ်​ငါး ရှိ​စေ​ရ​မည်။-

16. သင်္ဘော​အ​ပေါ်​၌​အ​မိုး​တင်​၍​သင်္ဘော​နံ​ဘေး ပတ်​လည်​ကို အ​မိုး​နှင့်​တစ်​ဆယ်​ရှစ်​လက်​မ​ကွာ စေ​ရ​မည်။ အ​ထပ်​သုံး​ထပ်​အ​ဆင့်​ဆင့်​တည်​၍ ဘေး​ဘက်​တွင်​တံ​ခါး​တစ်​ပေါက်​ဖောက်​ရ​မည်။-

ကမ္ဘာ​ဦး 6