5. ``ကျွန်တော်၏အဖသေအံ့ဆဲဆဲတွင်သူ့အား ခါနာန်ပြည်ရှိသူဝယ်ထားသောသင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်ဟု ကျွန်တော်အားကတိသစ္စာပြု စေခဲ့ပါသည်။ သို့ဖြစ်၍အဖ၏အလောင်းကို သင်္ဂြိုဟ်ရန် ခါနာန်ပြည်သို့သွား၍အလောင်း ကိုသင်္ဂြိုဟ်ပြီးလျှင်အီဂျစ်ပြည်သို့ပြန်လာ ပါမည်''ဟုဆိုလေ၏။
6. ယောသပ်မှာကြားသည့်အတိုင်းအမှုထမ်း တို့က ဘုရင်အားတင်လျှောက်ကြသောအခါ ဘုရင်က``သင်၏အဖအားကတိသစ္စာပြု ထားသည့်အတိုင်း သွား၍အဖ၏အလောင်း ကိုသင်္ဂြိုဟ်ပါလော့'' ဟုအခွင့်ပေးလိုက်လေ၏။
7. သို့ဖြစ်၍ယောသပ်သည် သူ၏အဖကိုသင်္ဂြိုဟ် ခြင်းငှာသွားလေ၏။ ဖာရောဘုရင်၏အရာ ရှိများ၊ နန်းတော်မှအကြီးအကဲများနှင့် အီဂျစ်ပြည်မှအရာရှိအပေါင်းတို့သည် ယောသပ်နှင့်အတူလိုက်ပါပို့ဆောင်ကြ၏။-
8. ယောသပ်၏မိသားစု၊ သူ၏ညီအစ်ကိုများ နှင့်သူ၏ဆွေမျိုးသားချင်းအပေါင်းတို့သည် လည်း သူနှင့်အတူလိုက်ပါလာခဲ့ကြ၏။ သူ တို့၏ကလေးငယ်များ၊ သိုး၊ ဆိတ်နှင့်နွား အုပ်များသာလျှင်ဂေါရှင်အရပ်တွင်ကျန် ရစ်ခဲ့ကြ၏။-
9. ရထားစီးသူရဲနှင့်မြင်းစီးသူရဲများလည်း လိုက်ပါလာကြသဖြင့် အလွန်များစွာသော အလုံးအရင်းတို့သည်ယောသပ်နှင့်အတူ လိုက်ပါပို့ဆောင်ကြ၏။
10. သူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာတဒ် အမည်ရှိကောက်နယ်တလင်းသို့ရောက်ရှိကြ သောအခါ ဟစ်အော်၍ငိုကြွေးမြည်တမ်းကြ ၏။ ထိုအရပ်တွင်ယောသပ်သည် ယာကုပ်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းသည့်ပွဲ ကိုကျင်းပလေ၏။-
11. ထိုဒေသတွင်နေထိုင်ကြသောခါနာန်အမျိုး သားတို့ကအာတဒ်ကောက်နယ်တလင်း၌ လူ များငိုကြွေးမြည်တမ်းနေကြခြင်းကိုမြင် ရသောအခါ``အီဂျစ်အမျိုးသားတို့သည် အလွန်ဝမ်းနည်းကြေကွဲလျက်ရှိကြပါသည် တကား'' ဟုဆိုကြ၏။ သို့ဖြစ်၍ယော်ဒန်မြစ် အရှေ့ဘက်တွင်ရှိသောထိုဒေသကိုအဗေ လမိဇရိမ်ဟူ၍နာမည်မှည့်ကြ၏။
12. ယာကုပ်၏သားတို့သည်အဖမှာခဲ့သည့် အတိုင်း၊-
13. ဖခင်၏အလောင်းကိုခါနာန်ပြည်သို့ယူ ဆောင်ခဲ့ပြီးလျှင် ဟိတ္တိအမျိုးသားဧဖရုန် ထံမှသင်္ချိုင်းမြေအဖြစ်အာဗြဟံဝယ်ယူ ထားသော မံရေမြို့အရှေ့မပ္ပေလမြေကွက်၌ ရှိသည့်သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလေသည်။-
14. ယောသပ်သည်အဖကိုသင်္ဂြိုဟ်ပြီးနောက်သူ ၏ညီအစ်ကိုများမှစ၍ အခြားလိုက်ပါလာ ကြသူအပေါင်းတို့နှင့်တကွအီဂျစ်ပြည် သို့ပြန်ခဲ့လေသည်။
15. ယာကုပ်အနိစ္စရောက်ပြီးနောက်ညီအစ်ကိုတို့ က``ငါတို့သည်ယောသပ်အားဒုက္ခရောက်စေခဲ့ သည့်အတွက် သူကအငြိုးထား၍လက်စားချေ မည်ကိုစိုးရိမ်ရသည်'' ဟုအချင်းချင်းပြော ဆိုကြ၏။-
18. ထိုနောက်ယောသပ်၏ညီအစ်ကိုတို့သည်သူ့ ထံသို့ဝင်ရောက်၍ရှေ့တွင်ပျပ်ဝပ်လျက်``ကိုယ် တော်၏ကျွန်များရှေ့တော်သို့ရောက်ရှိနေ ကြပါသည်'' ဟုလျှောက်ကြ၏။
19. ထိုအခါယောသပ်ကညီအစ်ကိုတို့အား``အစ် ကိုတို့မစိုးရိမ်ကြပါနှင့်။ ဘုရားသခင်က သာလျှင်တရားစီရင်၍ဒဏ်ပေးပိုင်တော်မူ၏။ ကျွန်ုပ်မူကားထိုသို့မပြုနိုင်ပါ။-