ကမ္ဘာ​ဦး 5:26-32 Common Language Bible (BCL)

26. ခု​နစ်​ရာ​ရှစ်​ဆယ်​နှစ်​ဆက်​၍​အ​သက်​ရှည်​၏။ သူ​သည်​သား​သ​မီး​များ​ထပ်​၍​ရ​သေး​၏။-

27. အ​သက်​ကိုး​ရာ​ခြောက်​ဆယ့်​ကိုး​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​၏။

28. လာ​မက်​သည်​လည်း​အ​သက်​တစ်​ရာ​ရှစ်​ဆယ့်​နှစ် နှစ်​ရှိ​သော​အ​ခါ သား​တစ်​ယောက်​ကို​ရ​လေ​၏။-

29. ``ထာ​ဝ​ရ​ဘု​ရား​က​မြေ​ကို​ကျိန်​စာ​သင့်​စေ သ​ဖြင့် ငါ​တို့​သည်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရာ​မှ ဤ​သား​သည်​သက်​သာ​ရာ​ရ​စေ​မည့်​သူ​ဖြစ် သည်'' ဟု​လာ​မက်​ဆို​၍​ထို​သား​ကို​နော​ဧ​ဟု နာ​မည်​မှည့်​လေ​၏။-

30. သူ​သည်​ငါး​ရာ​ကိုး​ဆယ့်​ငါး​နှစ်​ဆက်​၍​အ​သက် ရှည်​၍​နေ​ထိုင်​စဉ် သား​သ​မီး​များ​ထပ်​၍​ရ​သေး ၏။-

31. အ​သက်​ခု​နစ်​ရာ​ခု​နစ်​ဆယ့်​ခု​နစ်​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​သည်။

32. နော​ဧ​သည်​အ​သက်​ငါး​ရာ​ပြည့်​ပြီး​နောက်​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​နာ​မည်​ရှိ​သား​သုံး​ယောက်​ကို ရ​လေ​၏။

ကမ္ဘာ​ဦး 5