25. မသုရှလသည်လည်းအသက်တစ်ရာရှစ်ဆယ့် ခုနစ်နှစ်ရှိသောအခါ သားလာမက်ကိုရပြီး နောက်၊-
26. ခုနစ်ရာရှစ်ဆယ်နှစ်ဆက်၍အသက်ရှည်၏။ သူသည်သားသမီးများထပ်၍ရသေး၏။-
27. အသက်ကိုးရာခြောက်ဆယ့်ကိုးနှစ်ရှိသော် ကွယ်လွန်လေ၏။
28. လာမက်သည်လည်းအသက်တစ်ရာရှစ်ဆယ့်နှစ် နှစ်ရှိသောအခါ သားတစ်ယောက်ကိုရလေ၏။-
29. ``ထာဝရဘုရားကမြေကိုကျိန်စာသင့်စေ သဖြင့် ငါတို့သည်ပင်ပန်းစွာလုပ်ကိုင်ရာမှ ဤသားသည်သက်သာရာရစေမည့်သူဖြစ် သည်'' ဟုလာမက်ဆို၍ထိုသားကိုနောဧဟု နာမည်မှည့်လေ၏။-