ကမ္ဘာ​ဦး 5:18-32 Common Language Bible (BCL)

18. ယာ​ရက်​သည်​အ​သက်​တစ်​ရာ့​ခြောက်​ဆယ့်​နှစ်​နှစ် ရှိ​သော​အ​ခါ​သား​ဧ​နောက်​ကို​ရ​ပြီး​နောက်၊-

19. နှစ်​ရှစ်​ရာ​ဆက်​၍​အ​သက်​ရှည်​ရှည်​နေ​ရ​၏။ သူ သည်​သား​သ​မီး​များ​ထပ်​၍​ရ​သေး​၏။-

20. အ​သက်​ကိုး​ရာ​ခြောက်​ဆယ့်​နှစ်​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​၏။

21. ဧ​နောက်​သည်​အ​သက်​ခြောက်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ သား​မ​သု​ရှ​လ​ကို​ရ​လေ​၏။-

22. ဧ​နောက်​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​လျက် နှစ်​ပေါင်း​သုံး​ရာ​ဆက်​၍​အ​သက်​ရှည်​၍ နေ​ထိုင်​စဉ်​သား​သ​မီး​များ​ထပ်​၍​ရ​သေး​၏။-

23. သူ​သည်​အ​သက်​သုံး​ရာ​ခြောက်​ဆယ့်​ငါး​နှစ် အ​ထိ​အ​သက်​ရှည်​၏။-

24. သူ​သည်​သူ​၏​ဘ​ဝ​တစ်​လျှောက်​လုံး​တွင် ထာ​ဝ​ရ ဘု​ရား​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​၍ သက်​ရှင်​နေ​ထိုင် ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​သိမ်း​ယူ တော်​မူ​သ​ဖြင့်​ကွယ်​ပျောက်​သွား​လေ​၏။

25. မ​သု​ရှ​လ​သည်​လည်း​အ​သက်​တစ်​ရာ​ရှစ်​ဆယ့် ခု​နစ်​နှစ်​ရှိ​သော​အ​ခါ သား​လာ​မက်​ကို​ရ​ပြီး နောက်၊-

26. ခု​နစ်​ရာ​ရှစ်​ဆယ်​နှစ်​ဆက်​၍​အ​သက်​ရှည်​၏။ သူ​သည်​သား​သ​မီး​များ​ထပ်​၍​ရ​သေး​၏။-

27. အ​သက်​ကိုး​ရာ​ခြောက်​ဆယ့်​ကိုး​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​၏။

28. လာ​မက်​သည်​လည်း​အ​သက်​တစ်​ရာ​ရှစ်​ဆယ့်​နှစ် နှစ်​ရှိ​သော​အ​ခါ သား​တစ်​ယောက်​ကို​ရ​လေ​၏။-

29. ``ထာ​ဝ​ရ​ဘု​ရား​က​မြေ​ကို​ကျိန်​စာ​သင့်​စေ သ​ဖြင့် ငါ​တို့​သည်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရာ​မှ ဤ​သား​သည်​သက်​သာ​ရာ​ရ​စေ​မည့်​သူ​ဖြစ် သည်'' ဟု​လာ​မက်​ဆို​၍​ထို​သား​ကို​နော​ဧ​ဟု နာ​မည်​မှည့်​လေ​၏။-

30. သူ​သည်​ငါး​ရာ​ကိုး​ဆယ့်​ငါး​နှစ်​ဆက်​၍​အ​သက် ရှည်​၍​နေ​ထိုင်​စဉ် သား​သ​မီး​များ​ထပ်​၍​ရ​သေး ၏။-

31. အ​သက်​ခု​နစ်​ရာ​ခု​နစ်​ဆယ့်​ခု​နစ်​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​သည်။

32. နော​ဧ​သည်​အ​သက်​ငါး​ရာ​ပြည့်​ပြီး​နောက်​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​နာ​မည်​ရှိ​သား​သုံး​ယောက်​ကို ရ​လေ​၏။

ကမ္ဘာ​ဦး 5