ကမ္ဘာ​ဦး 5:10-20 Common Language Bible (BCL)

10. ရှစ်​ရာ​တစ်​ဆယ့်​ငါး​နှစ်​ဆက်​၍ အ​သက်​ရှည်​ရှည် နေ​ရ​လေ​၏။ သူ​သည်​သား​သ​မီး​များ​ထပ်​၍ ရ​သေး​၏။-

11. အ​သက်​ကိုး​ရာ​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​၏။

12. ကာ​ဣ​နန်​သည်​အ​သက်​ခု​နစ်​ဆယ်​ရှိ​သော​အ​ခါ သား​မဟာ​လေ​လ​ကို​ရ​ပြီး​နောက်၊-

13. နှစ်​ပေါင်း​ရှစ်​ရာ​လေး​ဆယ်​ဆက်​၍​အ​သက်​ရှည် ရှည်​နေ​ရ​လေ​၏။ သူ​သည်​သား​သ​မီး​များ​ထပ် ၍​ရ​သေး​၏။-

14. အ​သက်​ကိုး​ရာ​တစ်​ဆယ်​နှစ်​ရှိ​သော်​ကွယ်​လွန် လေ​၏။

15. မ​ဟာ​လေ​လ​သည်​အ​သက်​ခြောက်​ဆယ်​နှစ်​ရှိ သော​အ​ခါ သား​ယာ​ရက်​ကို​ရ​ပြီး​နောက်၊-

16. နှစ်​ပေါင်း​ရှစ်​ရာ​သုံး​ဆယ်​ဆက်​၍​အ​သက်​ရှည် ရှည်​နေ​ရ​လေ​၏။ သူ​သည်​သား​သ​မီး​များ​ထပ် ၍​ရ​သေး​၏။-

17. အ​သက်​ရှစ်​ရာ​ကိုး​ဆယ့်​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန် လေ​၏။

18. ယာ​ရက်​သည်​အ​သက်​တစ်​ရာ့​ခြောက်​ဆယ့်​နှစ်​နှစ် ရှိ​သော​အ​ခါ​သား​ဧ​နောက်​ကို​ရ​ပြီး​နောက်၊-

19. နှစ်​ရှစ်​ရာ​ဆက်​၍​အ​သက်​ရှည်​ရှည်​နေ​ရ​၏။ သူ သည်​သား​သ​မီး​များ​ထပ်​၍​ရ​သေး​၏။-

20. အ​သက်​ကိုး​ရာ​ခြောက်​ဆယ့်​နှစ်​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​၏။

ကမ္ဘာ​ဦး 5