ကမ္ဘာ​ဦး 5:1-9 Common Language Bible (BCL)

1. အာ​ဒံ​၏​သား​စဉ်​မြေး​ဆက်​စာ​ရင်း​ကို​ဖော် ပြ​ပေ​အံ့။ (ဘု​ရား​သ​ခင်​သည်​လူ​ကို​ဖန်​ဆင်း ရာ​၌ မိ​မိ​၏​ပုံ​သဏ္ဌာန်​နှင့်​တူ​စွာ​ဖန်​ဆင်း​တော် မူ​၏။-

2. ကိုယ်​တော်​သည်​လူ​ယောကျာ်း​နှင့်​လူ​မိန်းမ​တို့ ကို​ဖန်​ဆင်း​၍ သူ​တို့​အား​ကောင်း​ချီး​ပေး လျက်​လူ​ဟု​သ​မုတ်​တော်​မူ​၏။-)

3. အာ​ဒံ​သည်​အ​သက်​တစ်​ရာ​သုံး​ဆယ်​ရှိ​သော် သူ​နှင့်​ရုပ်​ချင်း​တူ​သော​သား​ကို​ရ​၍ ရှေ​သ ဟု​နာ​မည်​မှည့်​လေ​၏။-

4. ထို​သား​ကို​ရ​ပြီး​နောက်​အာ​ဒံ​သည် နှစ်​ပေါင်း ရှစ်​ရာ​ဆက်​၍​အ​သက်​ရှည်​လျက် သား​သ​မီး များ​ထပ်​ရ​သေး​၏။-

5. သူ​သည်​အ​သက်​ကိုး​ရာ​သုံး​ဆယ်​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​၏။

6. ရှေ​သ​သည်​အ​သက်​တစ်​ရာ့​ငါး​နှစ်​ရှိ​သော အ​ခါ​သား​ဧ​နုတ်​ကို​ရ​၏။-

7. ထို​နောက်​သူ​သည်​ရှစ်​ရာ​ခု​နစ်​နှစ်​ဆက်​၍ အ​သက်​ရှည်​ရှည်​နေ​ရ​ပြီး​လျှင် သား​သ​မီး များ​ထပ်​၍​ရ​သေး​၏။-

8. သူ​သည်​အ​သက်​ကိုး​ရာ​တစ်​ဆယ့်​နှစ်​နှစ်​ရှိ သော်​ကွယ်​လွန်​လေ​၏။

9. ဧ​နုတ်​သည်​အ​သက်​ကိုး​ဆယ်​ရှိ​သော​အ​ခါ သား​ကာ​ဣ​နန်​ကို​ရ​ပြီး​နောက်၊-

ကမ္ဘာ​ဦး 5