1. အာဒံ၏သားစဉ်မြေးဆက်စာရင်းကိုဖော် ပြပေအံ့။ (ဘုရားသခင်သည်လူကိုဖန်ဆင်း ရာ၌ မိမိ၏ပုံသဏ္ဌာန်နှင့်တူစွာဖန်ဆင်းတော် မူ၏။-
2. ကိုယ်တော်သည်လူယောကျာ်းနှင့်လူမိန်းမတို့ ကိုဖန်ဆင်း၍ သူတို့အားကောင်းချီးပေး လျက်လူဟုသမုတ်တော်မူ၏။-)
3. အာဒံသည်အသက်တစ်ရာသုံးဆယ်ရှိသော် သူနှင့်ရုပ်ချင်းတူသောသားကိုရ၍ ရှေသ ဟုနာမည်မှည့်လေ၏။-
4. ထိုသားကိုရပြီးနောက်အာဒံသည် နှစ်ပေါင်း ရှစ်ရာဆက်၍အသက်ရှည်လျက် သားသမီး များထပ်ရသေး၏။-
5. သူသည်အသက်ကိုးရာသုံးဆယ်နှစ်ရှိသော် ကွယ်လွန်လေ၏။
6. ရှေသသည်အသက်တစ်ရာ့ငါးနှစ်ရှိသော အခါသားဧနုတ်ကိုရ၏။-
7. ထိုနောက်သူသည်ရှစ်ရာခုနစ်နှစ်ဆက်၍ အသက်ရှည်ရှည်နေရပြီးလျှင် သားသမီး များထပ်၍ရသေး၏။-
8. သူသည်အသက်ကိုးရာတစ်ဆယ့်နှစ်နှစ်ရှိ သော်ကွယ်လွန်လေ၏။
9. ဧနုတ်သည်အသက်ကိုးဆယ်ရှိသောအခါ သားကာဣနန်ကိုရပြီးနောက်၊-
10. ရှစ်ရာတစ်ဆယ့်ငါးနှစ်ဆက်၍ အသက်ရှည်ရှည် နေရလေ၏။ သူသည်သားသမီးများထပ်၍ ရသေး၏။-
11. အသက်ကိုးရာငါးနှစ်ရှိသော်ကွယ်လွန်လေ၏။
12. ကာဣနန်သည်အသက်ခုနစ်ဆယ်ရှိသောအခါ သားမဟာလေလကိုရပြီးနောက်၊-
13. နှစ်ပေါင်းရှစ်ရာလေးဆယ်ဆက်၍အသက်ရှည် ရှည်နေရလေ၏။ သူသည်သားသမီးများထပ် ၍ရသေး၏။-
14. အသက်ကိုးရာတစ်ဆယ်နှစ်ရှိသော်ကွယ်လွန် လေ၏။
15. မဟာလေလသည်အသက်ခြောက်ဆယ်နှစ်ရှိ သောအခါ သားယာရက်ကိုရပြီးနောက်၊-
16. နှစ်ပေါင်းရှစ်ရာသုံးဆယ်ဆက်၍အသက်ရှည် ရှည်နေရလေ၏။ သူသည်သားသမီးများထပ် ၍ရသေး၏။-