ကမ္ဘာ​ဦး 49:6-23 Common Language Bible (BCL)

6. သူ​တို့​သည်​ဒေါ​သ​ထွက်​၍​လူ​တို့​ကို​သတ် လျက်နွား​ထီး​များ​၏​ခြေ​တို့​ကို​အ​ပျော်​သက်​သက် ရိုက်​ချိုး​ခဲ့​ကြ​သော​ကြောင့်ငါ​သည်​သူ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​၌ ပါ​ဝင်​မည်​မ​ဟုတ်။သူ​တို့​၏​အ​စည်း​အ​ဝေး​သို့​လည်း တက်​ရောက်​မည်​မ​ဟုတ်။

7. သူ​တို့​သည်​ဒေါ​သ​ပြင်း​ထန်​၍​အ​မျက်​စူး​ရှ သ​ဖြင့် ကျိန်​စာ​သင့်​ခြင်း​ခံ​ရကြ​ပါ​စေ​သ​တည်း။ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ​ပြည်​တွင် အ​နှံ့​အ​ပြား​ကွဲ​လွင့်​စေ​မည်။မိ​မိ​လူ​မျိုး​များ​ထဲ​တွင်​လူ​စု​ကွဲ​စေ​မည်။

8. ယု​ဒ၊သင့်​ညီ​အစ်​ကို​တို့​က​သင့်​အား ချီး​ကူး ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။သင်​သည်​ရန်​သူ​တို့​၏​လည်​မျို​ကို​ချုပ်​ကိုင် ထား​၏။သင်​၏​ညီ​အစ်​ကို​တို့​က​သင့်​အား​ဦး​ညွှတ် ရ​မည်။

9. ယု​ဒ​သည်​သား​ကောင်​ကို​သတ်​၍သား​ရဲ​တွင်း​သို့​ပြန်​လာ​သော​ခြင်္သေ့​ကဲ့​သို့ ကိုယ်​ကို​စန့်​လျက်​ဝပ်​လျက်​ရှိ​၏။မည်​သူ​က​မျှ​သူ့​အား​မ​နှောင့်​ယှက်​ဝံ့။

10. ယု​ဒ​သည်​ရာ​ဇ​လှံ​တံ​ကို​ကိုင်​စွဲ​ရ​လိမ့်​မည်။သူ​၏​အ​ဆက်​အ​နွယ်​တို့​၌​အုပ်​စိုး​ခြင်း​အာ​ဏာ အ​မြဲ​ရှိ​လိမ့်​မည်။တိုင်း​နိုင်​ငံ​တို့​သည်​သူ့​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ ဆက်​သ​၍​သူ့​သြ​ဇာ​ကို​ခံ​ကြ​လိမ့်​မည်။

11. သူ​သည်​သူ​၏​မြည်း​ပေါက်​က​လေး​ကို​အ​ကောင်း ဆုံး စ​ပျစ်​နွယ်​၌​ချည်​နှောင်​ထား​၏။သူ​သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ပတ္တ​မြား​သွေး စ​ပျစ်​ရည်​တွင်​ဖွပ်​လျှော်​၏။

12. စ​ပျစ်​ရည်​ကြောင့်​သူ​၏​မျက်​လုံး​များ​သည် နီ​ရဲ​နေ​၏။နို့​သောက်​၍​သူ​၏​သွား​များ​သည်​ဖြူ​ဖွေး​နေ​၏။

13. ဇာ​ဗု​လုန်​သည်​ပင်​လယ်​ကမ်း​နား​၌​နေ​ထိုင်​၍သူ​၏​ဆိပ်​ကမ်း​များ​သည်​သင်္ဘော​များ​ခို​လှုံ​ရာ ဖြစ်​လိမ့်​မည်။သူ​၏​ပိုင်​နက်​နယ်​မြေ​သည်​ဇိ​အုန်​မြို့​တိုင်​အောင် ကျယ်​ပြန့်​လိမ့်​မည်။

14. ဣ​သ​ခါ​သည်​ကုန်း​နှီး​အိတ်​များ​အ​ကြား​တွင် ခြေ​ဆန့်​၍ လဲ​နေ​သော​မြည်း​၏​အ​ဖြစ်​ထက်​မ​သာ။

15. သို့​သော်​သူ​သည်​မိ​မိ​နား​နေ​ရာ​သည် ကောင်း​သည်​ကို​လည်း​ကောင်း၊နေ​ထိုင်​ရာ​ပြည်​သည်​သာ​ယာ​သည်​ကို လည်း​ကောင်း​မြင်​၏။ထို့​ကြောင့်​သူ​သည်​ဝန်​ကို​သယ်​ပိုး​ရန်​ခါး ကို​ညွှတ်​၍ ကျွန်​အ​ဖြစ်​နှင့်​အ​ဋ္ဌမ္မ​ခိုင်း​စေ​ခြင်း​ကို​ခံ​ရ​၏။

16. ဒန်​သည်​အ​ခြား​သော​ဣသ​ရေ​လ​အ​နွယ်​တို့ ကဲ့​သို့ မိ​မိ​၏​လူ​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။

17. ဒန်​သည်​လမ်း​ဘေး​၌​ခွေ​သော​မြွေ၊လမ်း​အ​နီး​၌ ခို​သော​မြွေ​ဆိုး​ဖြစ်​၍မြင်း​၏​ဖ​နောင့်​ကို​ကိုက်​သ​ဖြင့်​မြင်း​စီး​သူ ကို နောက်​ပြန်​လိမ့်​ကျ​စေ​လိမ့်​မည်။

18. ``အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​သည်ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို စောင့်​မျှော်​လျက်​ရှိ​ပါ​၏။

19. ဂဒ်​သည်​ဋ္ဌား​ပြ​တို့​၏​တိုက်​ခိုက်​ခြင်း​ကို​ခံ ရ​မည်။သို့​ရာ​တွင်​သူ​သည်​မိ​မိ​ကို​တိုက်​ခိုက်​သူ​တို့ အား ပြန်​၍​လိုက်​လံ​တိုက်​ခိုက်​လိမ့်​မည်။

20. အာ​ရှာ​၏​မြေ​မှ​စား​ကောင်း​သောက်​ဖွယ်​ထွက် လိမ့်​မည်။သူ့​ထံ​မှ​ဘု​ရင်​ပွဲ​တော်​နှင့်​ထိုက်​သော အ​စား​အ​စာ​ကို​ရ​ရှိ​လိမ့်​မည်။

21. န​ဿ​လိ​သည်​လွတ်​လပ်​စွာ​ခုန်​ပေါက် ပြေး​လွှား​သော​သ​မင်​ဖြစ်​၍ချစ်​ဖွယ်​ကောင်း​သော​သ​မင်​သား​ငယ်​များ ကို​မွေး​ဖွား​၏။

22. ယော​သပ်​သည်​စမ်း​ရေ​ပေါက်​နား​မှာ ကျက်​စား​သော​မြည်း​ရိုင်းတောင်​စောင်း​ပေါ်​တွင်​ကျက်​စား​သော မြည်း​ရိုင်း​က​လေး​နှင့်​တူ​၏။

23. သူ​၏​ရန်​သူ​တို့​သည်​သူ့​အား​လေး​မြား လက်​နက်​တို့​ဖြင့် ပြင်း​ထန်​စွာ​လိုက်​လံ​တိုက်​ခိုက်​ကြ​၏။

ကမ္ဘာ​ဦး 49