ကမ္ဘာ​ဦး 49:4-14 Common Language Bible (BCL)

4. သင်​သည်​ရေ​ကြီး​ချိန်​၌​စီး​သော​ရေ​သ​ဖွယ် ဖြစ်​၏။သို့​ရာ​တွင်​သင်​သည်​သင့်​အ​ဖ​၏​မ​ယား​ငယ် နှင့်​အိပ်​၍၊ သင့်​အ​ဖ​၏​အိပ်​ရာ​ကို​ညစ်​ညမ်း​စေ​သ​ဖြင့်သင်​သည်​သား​တို့​တွင်​အ​ကြီး​အ​ကဲ​မ ဖြစ်​နိုင်။

5. ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ညီ​အစ်​ကို​ဖြစ် ကြ​၏။သူ​တို့​သည်​လက်​နက်​များ​ကို​အ​သုံး​ပြု ကာ အ​ကြမ်း​ဖက်​မှု​ပြု​ခဲ့​ကြ​လေ​ပြီ။

6. သူ​တို့​သည်​ဒေါ​သ​ထွက်​၍​လူ​တို့​ကို​သတ် လျက်နွား​ထီး​များ​၏​ခြေ​တို့​ကို​အ​ပျော်​သက်​သက် ရိုက်​ချိုး​ခဲ့​ကြ​သော​ကြောင့်ငါ​သည်​သူ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​၌ ပါ​ဝင်​မည်​မ​ဟုတ်။သူ​တို့​၏​အ​စည်း​အ​ဝေး​သို့​လည်း တက်​ရောက်​မည်​မ​ဟုတ်။

7. သူ​တို့​သည်​ဒေါ​သ​ပြင်း​ထန်​၍​အ​မျက်​စူး​ရှ သ​ဖြင့် ကျိန်​စာ​သင့်​ခြင်း​ခံ​ရကြ​ပါ​စေ​သ​တည်း။ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ​ပြည်​တွင် အ​နှံ့​အ​ပြား​ကွဲ​လွင့်​စေ​မည်။မိ​မိ​လူ​မျိုး​များ​ထဲ​တွင်​လူ​စု​ကွဲ​စေ​မည်။

8. ယု​ဒ၊သင့်​ညီ​အစ်​ကို​တို့​က​သင့်​အား ချီး​ကူး ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။သင်​သည်​ရန်​သူ​တို့​၏​လည်​မျို​ကို​ချုပ်​ကိုင် ထား​၏။သင်​၏​ညီ​အစ်​ကို​တို့​က​သင့်​အား​ဦး​ညွှတ် ရ​မည်။

9. ယု​ဒ​သည်​သား​ကောင်​ကို​သတ်​၍သား​ရဲ​တွင်း​သို့​ပြန်​လာ​သော​ခြင်္သေ့​ကဲ့​သို့ ကိုယ်​ကို​စန့်​လျက်​ဝပ်​လျက်​ရှိ​၏။မည်​သူ​က​မျှ​သူ့​အား​မ​နှောင့်​ယှက်​ဝံ့။

10. ယု​ဒ​သည်​ရာ​ဇ​လှံ​တံ​ကို​ကိုင်​စွဲ​ရ​လိမ့်​မည်။သူ​၏​အ​ဆက်​အ​နွယ်​တို့​၌​အုပ်​စိုး​ခြင်း​အာ​ဏာ အ​မြဲ​ရှိ​လိမ့်​မည်။တိုင်း​နိုင်​ငံ​တို့​သည်​သူ့​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ ဆက်​သ​၍​သူ့​သြ​ဇာ​ကို​ခံ​ကြ​လိမ့်​မည်။

11. သူ​သည်​သူ​၏​မြည်း​ပေါက်​က​လေး​ကို​အ​ကောင်း ဆုံး စ​ပျစ်​နွယ်​၌​ချည်​နှောင်​ထား​၏။သူ​သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ပတ္တ​မြား​သွေး စ​ပျစ်​ရည်​တွင်​ဖွပ်​လျှော်​၏။

12. စ​ပျစ်​ရည်​ကြောင့်​သူ​၏​မျက်​လုံး​များ​သည် နီ​ရဲ​နေ​၏။နို့​သောက်​၍​သူ​၏​သွား​များ​သည်​ဖြူ​ဖွေး​နေ​၏။

13. ဇာ​ဗု​လုန်​သည်​ပင်​လယ်​ကမ်း​နား​၌​နေ​ထိုင်​၍သူ​၏​ဆိပ်​ကမ်း​များ​သည်​သင်္ဘော​များ​ခို​လှုံ​ရာ ဖြစ်​လိမ့်​မည်။သူ​၏​ပိုင်​နက်​နယ်​မြေ​သည်​ဇိ​အုန်​မြို့​တိုင်​အောင် ကျယ်​ပြန့်​လိမ့်​မည်။

14. ဣ​သ​ခါ​သည်​ကုန်း​နှီး​အိတ်​များ​အ​ကြား​တွင် ခြေ​ဆန့်​၍ လဲ​နေ​သော​မြည်း​၏​အ​ဖြစ်​ထက်​မ​သာ။

ကမ္ဘာ​ဦး 49