ကမ္ဘာ​ဦး 49:21-28 Common Language Bible (BCL)

21. န​ဿ​လိ​သည်​လွတ်​လပ်​စွာ​ခုန်​ပေါက် ပြေး​လွှား​သော​သ​မင်​ဖြစ်​၍ချစ်​ဖွယ်​ကောင်း​သော​သ​မင်​သား​ငယ်​များ ကို​မွေး​ဖွား​၏။

22. ယော​သပ်​သည်​စမ်း​ရေ​ပေါက်​နား​မှာ ကျက်​စား​သော​မြည်း​ရိုင်းတောင်​စောင်း​ပေါ်​တွင်​ကျက်​စား​သော မြည်း​ရိုင်း​က​လေး​နှင့်​တူ​၏။

23. သူ​၏​ရန်​သူ​တို့​သည်​သူ့​အား​လေး​မြား လက်​နက်​တို့​ဖြင့် ပြင်း​ထန်​စွာ​လိုက်​လံ​တိုက်​ခိုက်​ကြ​၏။

24. သို့​ရာ​တွင်​ယာ​ကုပ်​၏​အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်​အား​ဖြင့်​လည်း​ကောင်း၊ဣ​သ​ရေ​လ​၏​ကာ​ကွယ်​ရာ​ကျောက်​ဖြစ်​တော်​မူ​သော သိုး​ထိန်း​ရှင်​၏​စောင်​မ​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊သူ​၏​လေး​သည်​တည်​ငြိမ်​၍​သူ​၏​လက်​တို့​သည် အား​သန်​လျက်​ရှိ​၏။

25. သင့်​အ​ဖ​၏​ဘု​ရား​သ​ခင်​သည်​သင့်​ကို​ကူ​မ​လျက် ရှိ​တော်​မူ​၏။အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​သင့်​အားကောင်း​ကင်​မှ​ကျ​သော​မိုး​ရေ၊မြေ​အောက်​မှ စီး​ထွက်​သော​ရေ​ကို​လည်း​ကောင်း၊သိုး​နွား​များ​နှင့်​သား​သ​မီး​ရ​တ​နာ​ကို လည်း​ကောင်း ပေး​တော်​မူ​ပါ​စေ၊

26. အ​သီး​အ​နှံ​နှင့်​ပန်း​မာလ်​ကို​လည်း​ကောင်း ပေး​တော်​မူ​ပါ​စေ​သော။အ​မြဲ​တည်​သော​တောင်​ကုန်း​များ​မှနှစ်​သက်​ဖွယ်​ရာ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​လည်း သင့်​အား​ပေး​တော်​မူ​ပါ​စေ​သော။ဤ​ကောင်း​ချီး​အ​ပေါင်း​တို့​သည်​မိ​မိညီ​အစ်​ကို​တို့​ထက်​ထူး​ကဲ​သော​ယော​သပ် ၏ ဦး​ခေါင်း​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သော။

27. ဗင်္ယာ​မိန်​သည်​လု​ယူ​ကိုက်​စား​တတ်​သော ဝံ​ပု​လွေ​နှင့်​တူ​၏။နံ​နက်​နှင့်​ည​နေ​အ​ချိန်​၌​သား​ကောင်​ကို ကိုက်​ဖြတ်​၍​စား​တတ်​၏'' ဟု​မြွက်​ဆို​၏။

28. ဤ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့် နှစ်​နွယ်​ဖြစ်​၏။ သူ​တို့​၏​အ​ဖ​က​သူ​တို့​တစ် ဦး​စီ​နှင့်​သက်​ဆိုင်​သော မင်္ဂလာ​စ​ကား​များ ကို​အ​ထက်​ဖော်​ပြ​ပါ​အ​တိုင်း​မြွက်​ဆို​ခဲ့ လေ​သည်။

ကမ္ဘာ​ဦး 49