10. ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
11. သူသည်သူ၏မြည်းပေါက်ကလေးကိုအကောင်း ဆုံး စပျစ်နွယ်၌ချည်နှောင်ထား၏။သူသည်မိမိ၏အဝတ်များကိုပတ္တမြားသွေး စပျစ်ရည်တွင်ဖွပ်လျှော်၏။
12. စပျစ်ရည်ကြောင့်သူ၏မျက်လုံးများသည် နီရဲနေ၏။နို့သောက်၍သူ၏သွားများသည်ဖြူဖွေးနေ၏။
13. ဇာဗုလုန်သည်ပင်လယ်ကမ်းနား၌နေထိုင်၍သူ၏ဆိပ်ကမ်းများသည်သင်္ဘောများခိုလှုံရာ ဖြစ်လိမ့်မည်။သူ၏ပိုင်နက်နယ်မြေသည်ဇိအုန်မြို့တိုင်အောင် ကျယ်ပြန့်လိမ့်မည်။
14. ဣသခါသည်ကုန်းနှီးအိတ်များအကြားတွင် ခြေဆန့်၍ လဲနေသောမြည်း၏အဖြစ်ထက်မသာ။
15. သို့သော်သူသည်မိမိနားနေရာသည် ကောင်းသည်ကိုလည်းကောင်း၊နေထိုင်ရာပြည်သည်သာယာသည်ကို လည်းကောင်းမြင်၏။ထို့ကြောင့်သူသည်ဝန်ကိုသယ်ပိုးရန်ခါး ကိုညွှတ်၍ ကျွန်အဖြစ်နှင့်အဋ္ဌမ္မခိုင်းစေခြင်းကိုခံရ၏။