ကမ္ဘာ​ဦး 48:18-21 Common Language Bible (BCL)

18. ``အ​ဖ​လက်​အ​ထား​မှား​နေ​ပါ​သည်။ ဤ​သူ ငယ်​သည်​သား​ကြီး​ဖြစ်​ပါ​၏။ သူ​၏​ဦး​ခေါင်း ပေါ်​မှာ​အ​ဖ​၏​လက်​ယာ​လက်​ကို​တင်​ပါ'' ဟု​ဆို​လေ​၏။

19. သို့​ရာ​တွင်​သူ​၏​အဖ​က​ငြင်း​ဆန်​၍``ငါ့​သား၊ အ​ဖ​သိ​ပါ​သည်။ မ​နာ​ရှေ​၏​အ​ဆက်​အ​နွယ် တို့​သည်​လည်း​လူ​မျိုး​ကြီး​ဖြစ်​လိမ့်​မည်။ သို့ သော်​လည်း​သူ့​ညီ​သည် သူ့​ထက်​သာ​၍​ကြီး မြတ်​မည်​ဖြစ်​၍ သူ​၏​အ​ဆက်​အ​နွယ်​တို့​သည် လူ​မျိုး​ကြီး​များ​ဖြစ်​လာ​လိမ့်​မည်'' ဟု​ဆို လေ​၏။

20. သို့​ဖြစ်​၍​ယာ​ကုပ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​သင်​တို့​၏​နာ​မည်​များ​ကို​အ​သုံး ပြု​လျက်​ကောင်း​ချီး​ပေး​ကြ​လိမ့်​မည်။ သူ​တို့ က`ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​တို့​ကဲ့​သို့​သင့်​ကို​ကြီး ပွား​စေ​ရန်​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​ပါ​စေ သော' ဟု​ဆို​ကြ​လိမ့်​မည်'' ဟူ​၍​ထို​နေ့​၌​သူ ငယ်​တို့​အား​ကောင်း​ချီး​ပေး​လေ​၏။ ဤ​နည်း အား​ဖြင့်​ယာ​ကုပ်​သည်​ဧ​ဖ​ရိမ်​၏​နာ​မည် ကို​မ​နာ​ရှေ​၏​နာ​မည်​ရှေ့​၌​ထား​သ​တည်း။

21. ထို​နောက်​ယာ​ကုပ်​သည်​ယော​သပ်​အား``ငါ​သည် ယ​ခု​သေ​အံ့​ဆဲ​ဆဲ​ရှိ​ပြီ။ သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​၍ ဘိုး​ဘေး​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ လိမ့်​မည်။-

ကမ္ဘာ​ဦး 48