ကမ္ဘာ​ဦး 47:9-17 Common Language Bible (BCL)

9. ယာ​ကုပ်​က``ကျွန်​တော်​မျိုး​သည်​လော​က​တွင် ဧည့်​သည်​အာ​ဂန္တု​အ​ဖြစ်​နှစ်​ပေါင်း​တစ်​ရာ့​သုံး ဆယ်​နေ​ထိုင်​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​ဘိုး​ဘေး တို့​၏​သက်​တမ်း​ကို​မ​မီ​ပါ။ ကျွန်​တော်​မျိုး အ​သက်​ရှင်​ခဲ့​သော​နှစ်​များ​မှာ​တို​၍​ကြမ်း တမ်း​လှ​ပါ​၏'' ဟု​လျှောက်​လေ​၏။-

10. ထို​နောက်​ယာ​ကုပ်​သည်​ဖာ​ရော​ဘု​ရင်​ကို​နှုတ် ဆက်​ကောင်း​ချီး​ပေး​ပြီး​လျှင် ဘု​ရင့်​ထံ​တော် မှ​ထွက်​လာ​ခဲ့​လေ​၏။-

11. ယော​သပ်​သည်​ဖာ​ရော​ဘုရင်​အ​မိန့်​တော်​ရှိ​သည့် အ​တိုင်း​သူ​၏​အ​ဖ​နှင့်​အစ်​ကို​တို့​အား အီ​ဂျစ် ပြည်​ရာ​မ​သက်​မြို့​အ​နီး​ရှိ​အ​ကောင်း​ဆုံး အ​ရပ်​တွင်​မြေ​အ​ပိုင်​ပေး​၍​နေ​ထိုင်​စေ​၏။-

12. ယော​သပ်​သည်​အ​ဖ​နှင့်​အစ်​ကို​များ​အ​ပါ အ​ဝင် ယာ​ကုပ်​၏​မိ​သား​စု​အား​လုံး​တို့ အား​စား​နပ်​ရိက္ခာ​ထောက်​ပံ့​လေ​၏။

13. အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​သည်​အ​လွန်​ဆိုး​ရွား ရ​ကား​စား​နပ်​ရိက္ခာ​ပြတ်​လပ်​ကုန်​သ​ဖြင့် အီ​ဂျစ် ပြည်​နှင့်​ခါ​နာန်​ပြည်​ရှိ​လူ​အ​ပေါင်း​တို့​သည် အစာ​ငတ်​မွတ်​သည့်​ဒဏ်​ကို​အ​လူး​အ​လဲ​ခံ​ရ ကြ​၏။-

14. ယော​သပ်​သည်​စ​ပါး​ရောင်း​ရာ​မှ​ရ​သော​ငွေ များ​ကို​စု​သိမ်း​၍ နန်း​တော်​ငွေ​တိုက်​သို့​ပေး သွင်း​လေ​၏။-

15. အီ​ဂျစ်​ပြည်​သား​နှင့်​ခါ​နာန်​ပြည်​သား​တို့ တွင်​စ​ပါး​ဝယ်​ရန်​ငွေ​ကုန်​သော​အ​ခါ အီ​ဂျစ် ပြည်​သား​တို့​သည်​ယော​သပ်​ထံ​သို့​လာ​၍``ကျွန် တော်​တို့​အား​စား​စ​ရာ​ပေး​ပါ။ ငတ်​၍​မ​သေ ပါ​ရ​စေ​နှင့်။ ကျွန်​တော်​တို့​တွင်​ရိက္ခာ​ဝယ်​ရန် ငွေ​မ​ကျန်​တော့​ပါ'' ဟု​လျှောက်​ကြ​လေ သည်။

16. ယော​သပ်​က``သင်​တို့​တွင်​ငွေ​ကုန်​လျှင် သင်​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​များ​ကို​ယူ​ခဲ့​ကြ​လော့။ တိ​ရစ္ဆာန်​များ​ကို​စပါး​နှင့်​လဲ​လှယ်​ပေး​မည်'' ဟု​ဆို​လေ​၏။-

17. သူ​တို့​သည်​တိ​ရစ္ဆာန်​များ​ကို​ယော​သပ်​ထံ​သို့ ယူ​ဆောင်​ခဲ့​၍​ယော​သပ်​သည်​သူ့​တို့​၏ မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်း​များ​ကို​စား​နပ်​ရိက္ခာ​နှင့်​လဲ လှယ်​ပေး​လေ​၏။ ထို​နှစ်​၌​ပြည်​သူ​ပြည်​သား တို့​သည် မိ​မိ​တို့​၏​တိ​ရစ္ဆာန်​ရှိ​သ​မျှ​ကို​စား နပ်​ရိက္ခာ​နှင့်​လဲ​လှယ်​ကြ​လေ​သည်။

ကမ္ဘာ​ဦး 47